မင်းပြားမြို့နယ် နားပဲချောင်းရွာတွင် ဖျားနာသူ ၆၀ ခန့်ရှိနေပြီဟု ဆို


 ရန်ကုန်၊ သြဂုတ် ၅

 ရခိုင်ပြည်နယ် မင်းပြားမြို့နယ် နားပဲချောင်းကျေးရွာတွင် ရေဘေးနှင့် ဆက်စပ်ပြီး အဖျားအနာနှင့် ၀မ်းကျရောဂါ ခံစားနေရသူ ၆၀ ကျော်ရှိနေပြီ ဖြစ်ကြောင်း ယင်းရွာကျောင်းဆရာတော် ဦးခေမာဝံသက နိရဉ္စရာသို့ ပြောဆိုသည်။

“ အခု အခက်အခဲက အဖျားအနာတွေ ထူပြောနေတာပါဘဲ။ တစ်အိမ်မှာ တစ်ယောက် နှစ်ယောက် အဲသလိုမျိုး ဖြစ်နေကြတယ်။ ကလေးတွေက အကြောက်လွန်ပြီး ဖျားတာ ရှိသလို တချို့လူကြီးတွေက ရေထဲမှာ နေခဲ့ရတော့ အအေးမိပြီး ဖျားနေတာတွေရှိတယ်။ ၀မ်းရောဂါ ဖြစ်ပွားနေတာက လေးငါးယောက်လောက်ဘဲ ရှိမယ်။ ဖျားနေတဲသူက အရမ်းများနေပါတယ်” ဟု ဆရာတော်က ပြောဆိုသည်။


ထိုသို့ ဖျားနေသော်လည်း ဆေးကုသပေးမည့် သူ တစ်ဦးတစ်ယောက်မှ မရှိ၍ အခက်အခဲများ ရှိနေကြောင်း ဆရာတော်က ပြောဆိုသည်။

“ မနက် ပရာစီတမော့ ဗူး (၄) ဗူး လေဘေး အကူအညီထဲမှာပါလာတော့ လုကြတာ မလောက်ဘူး ဖြစ်သွားတယ်။ အိမ်တိုင်းဖျာနေကြတော့ လူတိုင်း ဆေးလိုချင်နေကြပါတယ်။ ဆေးကုတဲ့ အဖွဲ့တွေ အမြန်လိုအပ်နေပါတယ်” ဟု ဆရာတော်က ပြောသည်။


အဆိုပါ ကျေးရွာတွင် အိမ်ခြေ ၁၈၀ ရှိပြီး ယခုအချိန်ထိ မင်းပြားက ဆန်၁၃ အိတ်နှင့် တစ်ခြားရွာက ဆန် ၁၃ အိတ် စုစုပေါင်း ၂၆ အိတ် လက်ခံရရှိထားပြီး တစ်နေ့တွင် တစ်ရွာလုံး အတွက် ဆန် ၁၂ အိတ်ခန့်ကုန်ကြောင်း ဆရာတော်က မိန့်ကြားသည်။

ယနေ့နံနက် ရေသန့်ဗူးများပါလာသော်လည်း တစ်အိမ် တစ်ဗူးပင် မရဟု သိရသည်။

ဓါတ်ပုံ (နားပဲချောင်းကျေးရွာတွင် ဖျားနေသူ ကလေးတစ်ဦးနှင့် လူကြီး တစ်ဦးဖြစ်ပါသည်။ အိမ်မှာ ရေမြုပ်၍ ပျက်စီးခဲ့သည်။)

Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment