ဆော်ဒီအာရေဗျတွင် အလုပ်သမားအိမ်ရာမီးလောင်မှုဖြစ်ပွား လူ ၁ဝ ဦးသေဆုံးပြီး ၂၅၉ ဦးဒဏ်ရာရ


 ခိုဘာ (ဆော်ဒီအာရေဗျ) သြဂုတ် ၃၁

 ဆော်ဒီအာရေဗျနိုင်ငံရှိ ရေနံထုတ်လုပ်ရေးစခန်းမြို့ ခိုဘာတွင် သြဂုတ် ၃ဝ ရက် အစောပိုင်းက အလုပ်သမား များနေထိုင်ရာ အိမ်ရာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ၁ဝ ဦး သေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မြို့ပြရေးရာလုံခြုံရေးအေဂျင်စီက ပြောကြားသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရာဒေသနှင့် မဝေးသော ခိုဘာမြို့ရှိ ဆော်ဒီအမျိုးသားရေနံကုမ္ပဏီ ဆော်ဒီအာရမ်ကို၏ အလုပ်သမားများနေထိုင်ရာ အိမ်ရာတွင် သြဂုတ် ၃ဝ ရက်က မီးလောင်မူဖြစ်ပွားခဲ့သည်။ မည်သည့်နိုင်ငံသားဟူ၍ အတည်ပြုခြင်းမရှိသော လူ ၁ဝ ဦး သေဆုံးခဲ့ကြောင်း ယင်းကုမ္ပဏီက ပြောကြားသည်။

ဆော်ဒီအာရေဗျ မြို့ပြလုံခြုံရေးအေဂျင်စီက ယင်းအဖြစ်အပျက်နောက်ပိုင်းတွင် ထုတ်ပြန်ချက်အရ သေဆုံးသူများထဲတွင် အာရှနွယ်ဖွား ကနေဒါနိုင်ငံသား သုံးဦး၊ ပါကစ္စတန်လူမျိုး တစ်ဦးနှင့် နိုင်ဂျီးရီးယားအမျိုးသမီး တစ်ဦးတို့ ပါဝင်သည်ဟု သိရသည်။

ဆော်ဒီအမျိုးသားလုံခြုံရေးဌာန၏ နောက်ဆုံးထုတ် ပြန်ချက်၌ ထိခိုက်ဒဏ်ရာရသူပေါင်း ၂၅၉ ဦးရှိသည်ဟု ဖော်ပြသည်။ ၁၇၉ ဦးမှာ ဆေးကုသမှုများခံယူအပြီး ဆေးရုံမှ ဆင်းသွားပြီဖြစ်ပြီး လူ ၈ဝ မှာ ဆေးရုံ၌ ကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment