ဆော်ဒီညွန့်ပေါင်းအဖွဲ့ ယီမင်အရပ်ဘက်ပစ်မှတ်ကို တိုက်ခိုက် ပုလင်းစက်ရုံလုပ်သား ၃၆ ဦးသေဆုံး


 ဆာနား သြဂုတ် ၃၁

 ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့ စစ်လေယာဉ်များက တနင်္ဂနွေနေ့တွင် လေကြောင်းမှတစ်ဆင့် ယီမင် မြောက်ပိုင်း ဟာဂျက်ပြည်နယ်ရှိ ပုလင်းစက်ရုံကို ဗုံးထုတ်လုပ်သည့် စက်ရုံအဖြစ် ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၃၆ ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် အဆိုပါ မြို့တောင်ပိုင်း စစ်အခြေစိုက်စခန်းအနီး ဗုံးတစ်လုံးထိမှန်ခဲ့သဖြင့် အခြားအရပ်သားလေးဦး သေဆုံးခဲ့ရကြောင်း ဒေသခံသတင်းရပ်ကွက်က ပြောသည်။ အဆိုပါ တိုက်ခိုက်မှုများသည် အီရန်၏ မဟာမိတ်ဟူသီ တပ်များအား တိုက်ခိုက်နေသော ဖြုတ်ချခံအစိုးရအား ထောက်ပံ့ပေးနေသည့် ပင်လယ်ကွေ့မဟာမိတ်နိုင်ငံများက ပြုလုပ်ခဲ့သည့် မတ်လလေကြောင်းတိုက်ခိုက်မှု နောက်ပိုင်း ပထမဆုံးသော တိုက်ခိုက်မှုများဖြစ်သည်။

''အလောင်းတွေပြန်လည် ဖော်ယူမှုလုပ်ငန်းစဉ်တော့ ပြီးသွားပါပြီ။ ဒီမနက်ကပဲ စက်ရုံကို လေကြောင်း တိုက်ခိုက်မှု ကြောင့် ထိမှန်သွားတဲ့ စက်ရုံထဲကနေ မီးလောင်ထားတဲ့ အလောင်းတွေ၊ အပိုင်းအစတွေကို ဆွဲထုတ်ခဲ့ရပါတယ်။ အလုပ်သမား ၃၆ ဦးရဲ့အလောင်းတွေပါ'' ဟု ဒေသခံအစ္စနားအာမက်က ဟာဂျက်ရှိ အခင်းဖြစ်ပွားရာ နေရာမှ ရိုက်တာသို့ ဖုန်းဖြင့် သတင်းပေးပို့သည်။

အဆိုပါ တိုက်ခိုက်မှုသည် အရပ်ဘက်ပစ်မှတ်ကို ထိမှန်ခဲ့သည်ဆိုခြင်းအပေါ် ညွန့်ပေါင်းအဖွဲ့ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် အာမက်အက်ဆရီက ငြင်းဆိုထားသည်။ ယင်းစက်ရုံသည် ဟူသီတို့ လက်လုပ်ဗုံးများပြုလုပ်ရာ နေရာဟုဆိုသည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment