ရခိုင်ပြည်နယ်အတွင်း ရေဘေးရှောင်စခန်းများတွင် ဆန်နှင့် သောက်ရေ အရေးပေါ် လိုအပ်နေ


ပုံ - ရေကြီးရေလျှံမှုကြောင့် ရေမြုပ်သွားခဲ့ရသော စပါးများကို ကျောက်တော်-မြောက်ဦးလမ်းတလျောက် သြဂုတ် ၄ ရက်နေ့က နေလှမ်းထားသည်ကို တွေ့ရစဉ်
 ရခိုင်ပြည်နယ်အတွင်း မြို့နယ်ပေါင်းစုံတွင် ဖွင့်လှစ်ထားသည့် ရေဘေး ရှောင်စခန်းများနှင့် ကျေးရွာများ တွင် ဆန်နှင့်သောက် သုံးရေ အရေးပေါ် လိုအပ်နေကြောင်း ရေဘေးရှောင်စခန်းများတွင် ကူညီထောက်ပံ့ ပေးနေသော လူမှုအဖွဲ့အစည်းများ ကပြောသည်။

လက်ရှိအချိန်တွင် ရေကျသွားပြီးဖြစ်သည့်အတွက် နေရပ်သို့ ရေဘေးရှောင် တချို့ရွာသားများ ပြန်ကြပြီး ဖြစ်သော်လည်း ရေကြီးစဉ်ကာလအတွင်း ကျေးရွားများ၌လည်း သောက် ရေကန်များ ရေလွမ်းမိုးသွား ခဲ့သည့် အတွက် ကြောင်း သောက်သုံးရေရှားပါးမှု လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်သွား ခဲ့ရသည့် အတွက် စားနပ်ရိက္ခာပစ္စည်း များ ပြတ်လတ်မှု ဖြစ်ကာ ကုန်ဈေးနုန်းများလည်း ထိုးတက်မြင့်မားနေကြောင်း သိရသည်။

“မြို့ထဲမှာ ဓါတ်မီးတိုင်တွေ ပြိုလဲတယ် ။ သစ်ပင်တွေ ကျိုးတယ်။ တောင်ပြိုကျလို့ ဘူးသီးတောင်- မောင်တောကားလမ်းတွေ ပြတ်တောက်နေတယ်။ ကုန်ဈေးနုန်းတွေကလည်း ၂ဆ လောက်ကို မြင့်တက်နေတယ်။ စားရေးသောက်ရေးတော်တော်အခက်အခဲ ဖြစ်နေတယ်ဗျ” ဟု ရခိုင်အမျိုးသားပါတီမှ မောင်တောမြိုနယ်အလုပ်အမှု ဆောင်ဦးခင်မောင်သန်း က ပြောသည်။

မောင်တော်မြို့နယ်တွင် လူ ၃ ဦးသေဆုံးခဲ့ပြိး လူနေအိမ် ၊ ၂၀၃ ဆောင် ၊ စာသင်ကျောင်း ၅ ကျောင် ။ ဘုန်းကြီးကျောင်း ၆ ကျောင်း စိုက်ပျိုးမြေဧက ၃၀ ပျက်စီးသွားခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။ ယင်းအပြင် ရသေ့တောင်မြို့နယ်တွင်လူနေအိမ် ၁၄၅ ဆောင် ၊ စာသင်ကျောင်း ၆ ကျောင်း ၊ ဘုန်းကြီးကျောင်း ၂ ကျောင်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ကျော်တော်မြို့နယ်တွင် လူ ၁ ဦးသေဆုံးခဲ့ပြီး၊ လူနေအိမ် ၈၀၀ ကျော်၊ စာသင်ကျောင်း ၁၀ ကျောင်း ၊ တံတား ၁ စင်း၊ စိုက်ပျိုးမြေဧက ၉၉၄၀ ပျက်စီးဆုံးရူံးသွားခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ ထုတ်ပြန်သည်။

မြောက်ဦးမြို့နယ်တွင် သြဂုတ်လ ၄ ရက်နေ့အထိ ကောက်ယူထားသောစာရင်းအရ လူ ၁၀ ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၁၀၀၀ ကျော် ပျက်စီးဆုံးရူံးကာ စိုက်ပျိုးမြေဧက ၁၈၉၃၆၊ တံတား ၁ စင်း ပျက်စီးသွားခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မှ ထံမှသိရသည်။

ပုဏားကျွန်းမြို့နယ်တွင် လူ ၁ ဦးသေဆုံးကာ လူနေအိမ် ၁၃၉၅ ဆောင်၊ စာသင်ကျောင်း ၂၈ ကျောင်း ၊ ဘုန်းကြီးကျောင်း ၇ ကျောင်းနှင့် စိုက်ပျိုးမြေဧက ၁၁၇၉၃ ပျက်စီးသွားခဲ့ရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ပုဏားကျွန်းမြို့နယ် ယိုးတရုတ် ကျေးရွာတွင် ကယ်ဆယ်ရေးစခန်း ၃ ခုရှိပြီးလူဥိးရေ ၁၃၀၀ ကျော်ခန့် ရေဘေးရှောင် ခဲ့ရကြောင်းသိရသည်။ လက်ရှိအချိန်တွင် ရေကျသွားသည့် ကျေးရွာသား တစ်ချို့ကို နေရပ်သို့ပြန်သွားပြီဖြစ်သော်လည်း ကျေးရွာ သောက်ရေကန်များ ရေနစ်နေဆဲဖြစ်သည့်အတွက် သောက်ဆုံးရေနှင့် ဆန်အိပ်များရရှိရေး အရေးပေါ် အကူအညီ လိုအပ်နေကြောင်း ယိုးတရုတ်ကျေးရွာ အရေးပေါ်ကယ်ဆယ်ထောက်ပံ့ရေး လူမှုအဖွဲ့ဝင်များကပြောသည်။

မင်းပြားမြို့နယ်အတွင်း ရေဘေးဒဏ်ကြောင့် လက်ရှိကောက်ယူထားသော စာရင်းအရ လူ ၁၀ ဦးသေဆုံးခဲ့ပြီး လူနေအိမ် ၁၂၀၀၊ စိုက်ပျိုးမြေ ၆၇၁၅ ဧက၊ တံတား ၁ စင်း ပျက်စီးသွားခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
“ဒီမှာအရေး ပေါ်လိုအပ်နေတာက သောက်သုံးရေပဲ ၊ ရေကန်တွေက ရေနစ်နေတဲ့အတွက် သောက်ရေ ၊ သုံးရေ တအား အခက်အခဲ ဖြစ်နေတယ်။ ဆန်ကလည်း ကုန်တော့မယ်။ အစိုးက မာမီးခေါက်ဆွဲနဲ့ ဆန်တွေ လာပေးတာတော့ ရှိတယ်”ဟု မင်းပြားမြို့နယ်မှ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။

ကိုမန်ဆိုင်ကလုန်း မုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင်း ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်တွင် ရေကြီး ၊ရေလျှံ ၊ ရေလွမ်းမှုများဖြစ်ပွားခဲ့ဖြစ်ပွားကာ မြို့ ကြီးများတွင်း လျှစ်စစ်မီးပြတ်တောက်ခြင်း၊ လမ်းဘေးသစ်ပင်များ ပြိုလဲခြင်း၊ ဖုန်းလိုင်းများ ပြတ်တောက်သွားခဲ့သည်။

အလားတူ သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင်၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မြေပုံ စသည့်မြို့ နယ်များတွင် အနည်ငယ်ထိခိုက်ပျက်စီးမှုများရှိပြီး အဆိုပါ ရေဘေးကြောင်း စုစုပေါင်း ဆုံးရှုံးမှုမှာ သိန်းပေါင်း ၄၇၅၃၄ ကျပ် ဖြစ်ကြောင်း သိရသည်။

မြတ်ထွန်းဇံ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment