ဘီးလင်းနှင့်ကျိုက်ထို ရေဘေးသင့် ဒေသခံ ၆ဝဝဝခန့် အိမ်မပြန်နိုင်သေး


 မော်လမြိုင် သြဂုတ် ၎

မွန်ပြည်နယ်ဘီးလင်းနှင့် ကျိုက် ထိုမြို့နယ်တွင် ဇူလိုင် ၂၈ရက်မှ စပြီး မိုးအဆက်မပြတ်သည်းထန် စွာရွာသွန်းကာ တောင်ကျချောင်း ရေစီး ဆင်းလာသဖြင့် ရေဘေးသင့် ခဲ့သည့်ဒေသခံ ၆ဝဝဝ ခန့် ယမန်နေ့ အထိ ယာယီရေဘေး ဒုက္ခသည်စခန်း များတွင် ခိုလှုံနေရဆဲ ဖြစ်ကြောင်း ဒေသခံများ ထံမှ သိရသည်။

ဘီးလင်းမြို့နယ်တွင်ရပ်ကွက် နှင့် ကျေးရွာပေါင်း ၁၇ ခုမှ အိမ် ထောင်စု စုစုပေါင်း၁ဝ၈၆ စု၊ လူဦးရေ ၄၆ဝဝ ကျော်တို့သည် ရေဘေးရှောင်စခန်း ၂၆ ခုအပြင် နီး စပ်ရာဆွေမျိုးအိမ်များ၌ ခိုလှုံ လျက်ရှိကြောင်း ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ထို့အပြင် ကျိုက်ထိုမြို့ပေါ် ရပ်ကွက်တစ်ခုတွင်လည်းရေလွှမ်း ခံရပြီး အိမ်ထောင်စု ၃ဝဝကျော်မှ လူ၁၃ဝဝကျော်တောရကျောင်းတစ် ခုတွင် ဖွင့်လှစ်ထားသည့် ယာယီ ရေဘေးရှောင်စခန်း၌ခိုလှုံနေရသည် ဟု မြို့နယ်အထောက်အကူပြုကော် မတီဝင်ဦးခင်မြင့်ကပြောသည်။
''ရေကအိမ်မြုပ်တဲ့ထိတက် လာလို့ အခုလိုဘေးလွတ်ရာမှာလာ နေနေရတယ်။ တချို့အိမ်အမြင့်တွေ ကျတော့ အကုန်မမြုပ်ဘူး။ နေလို့ ရသေးတော့ ဒီကိုမလာကြဘူး။ ရပ်ကွက်မှာ မူလတန်းကျောင်း နှစ် ကျောင်းပိတ်ထားရတယ်''ဟုကျိုက် ထိုမြို့ကော့စံနာရပ်ကွက်မှရေဘေး သင့်သူဒေါ်လှမြင့်က ပြောသည်။

ဇူလိုင် ၂၈ ရက်မှစပြီး မိုး အဆက်မပြတ်ရွာသွန်းမှုကြောင့် ၂၉ ရက်မှစပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ရေကြီးရေလျှံ ကာ စာသင်ကျောင်းများကိုလည်း ပိတ်ခဲ့ရသည်။

ထို့အပြင် ရေကျော်သည့် ရန် ကုန်-မော်လမြိုင် အဝေးပြေးကား လမ်းများကိုလည်း ယာယီပိတ်ခဲ့ရ ကြောင်းဒေသခံများကပြောသည်။

ဘီးလင်းမြို့ပေါ်ရပ်ကွက်များ တွင် ငါးပေခန့်အထိရေမြင့်တက် ခဲ့ပြီး နိမ့်သည့်အိမ်များ အကုန်မြုပ် သည်ဟု မြို့နယ်ထွေ/အုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင်ရေလွှမ်းခံထားရ သည့် ရပ်ကွက်၊ ကျေးရွာများ တစ်ပေခွဲခန့်ထိရေပြန်ကျနေသော် လည်းရေဘေးရှောင်သူများယာယီ စခန်းတွင် ခိုလှုံနေရဆဲဖြစ်ပြီး မိုး ဆက်ရွာပါက အိမ်ပြန်နိုင်ဦးမည် မဟုတ်ကြောင်း ရေဘေးရှောင်သူ များကပြောသည်။
''အခုဆိုရင် အိမ်တွေပျက်စီး နေပြီးအိမ်ကတော်တော်မြုပ်ပါတယ်။ ခေါင်းတစ်လုံးပဲပေါ်တယ်။ ရေက နှစ်ရက်ထိမကျသေးဘူး။ နောက် နှစ်ရက်လောက် မိုးမရွာတော့ဘူး ဆိုရင် ပြန်လို့ရပြီ။ မိုးရွာရင်တော့ ပြန်လို့မရသေးဘူး''ဟု ရေဘေး ရှောင်သူဒေါ်ခင်ဝင်းကပြောသည်။

ရေဘေးရှောင်စခန်းများကို ဇူလိုင် ၃၁ ရက်မှ စတင်ဖွင့်လှစ်ခဲ့ သည်။ဘီးလင်းမြို့နယ်တွင် နှစ်စဉ် နှစ်တိုင်းရေကြီးရေလျှံမှုဒဏ်ခံရ လေ့ရှိသော်လည်း ဒေသခံထောင် နှင့်ချီပြီး ဘေးလွတ်ရာသို့ တိမ်း ရှောင်ရသည့်အဖြစ်မျိုး ၁၉၉၇ ခုနှစ်နှင့်၂ဝ၁၄ခုနှစ်တို့တွင် ကြုံခဲ့ဖူး ကြောင်းဒေသခံများထံမှသိရသည်။

Dawei Watch
The Union Daily
http://uniondaily.net
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment