ISIS အဖွဲ့တွေနဲ့ ပတ်သတ်နေ တယ်လို့ စွပ်စွဲကာ ဂျာနယ်လစ် ၂ ယောက် ကို တူရကီ အစိုးရ ဖမ်းဆီး


ဗြိတိန် ဂျာနယ်လစ် ၂ ယောက်ဟာ တူရကီ နိုင်ငံမှာ အလုပ်လုပ်နေစဉ် သူပုန် အဖွဲ့အစည်းတွေနဲ့ ပတ်သက်မှုကြောင့် ဖမ်းဆီး အရေးယူခံလိုက်ရပါတယ်။

Vice News ဆိုတဲ့ သတင်းဌာန မှာ အလုပ်လုပ်တဲ့ သတင်းထောက် Jake Hanrahan နဲ့ ဓါတ်ပုံ ဆရာ Philip Pendlebury တို့ဟာ ISIS အစွန်းရောက် ၊ Kurdish လက်နက်တို့ နဲ့ ပတ်သက်မှု ရှိနေတယ်လို့ တူရကီ အာဏာပိုင်တွေက စွပ်စွဲလိုက်ပါတယ်။ သူတို့ ၂ ဦးဟာ တူရကီ နိုင်ငံ ၊ Diyarbakir မြို့ရဲ့ အရှေ့တောင် ဒေသမှာ ပြီးခဲ့တဲ့ ကြာသပတေး နေ့ ရိုက်ကူးရေး ပြုလုပ်နေတဲ့အတွက် ရဲတပ်ဖွဲ့က မနေ့က ပဲ ဖမ်းဆီးထိန်းသိမ်း ထားခဲ့တာဖြစ်ပါတယ်။

ထို ဂျာနယ်လစ် ၂ ဦးရဲ့ ရှေ့နေကတော့ သူတို့ကို သူပုန် အဖွဲ့အစည်း အတွက် အလုပ်လုပ်ပေးနေတယ်လို့ စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။ ထို ဂျာနယ်လစ် ၂ ဦးနဲ့ အတူ ခရီးထွက်ရာကို လိုက်ပါလာခဲ့တဲ့ တူရကီ စကားပြန် ကိုလည်း အလိုတူ အလိုပါ အဖြစ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ထို ဂျာနယ်လစ် ၂ ဦး ပြုလုပ်ခဲ့တဲ့ ရိုက်ကူးရေးကတော့ တူရကီ ရဲတပ်ဖွဲ့နဲ့ Kurdish စစ်တပ်တွေ ကြားထဲက တင်းမာ မှုတွေကို မှတ်တမ်းတင်ဖို့ ကြို;စားခဲ့တာပဲ ဖြစ်တယ်လို့ Vice News သတင်းဌာန က ဆိုပါတယ်။

Vice News သတင်းဌာနရဲ့ ဥရောပ သတင်းပိုင်းဆိုင်ရာ အစီအစဉ် များရဲ့ ခေါင်းဆောင် ဖြစ်သူ Kevin Sutcliffe ကတော့ "Vice News ဟာ တူရကီ အစိုးရ ရဲ့ ကျွန်တော်တို့ သတင်းထောက်တွေ ဒေသအတွင်းက ဖြစ်စဉ်တွေ ကို တင်ဆက်မှု အား နှုတ်ပိတ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေရှိပြီး ပြင်းထန်တဲ့ လှုပ်ရှားမှု တွေပြုလုပ်သွားမယ်" လို့ဆိုထားပါတယ်။

ထို ဖမ်းဆီးခံ သတင်းထောက် ၂ ယောက်ဟာ စစ်တပ် အခြေစိုက် စခန်းတစ်ခုကို ခွင့်ပြုချက် မရပဲ သွားရောက် ရိုက်ကူးရေး ပြုလုပ်ခဲ့တဲ့အတွက် သူတို့ရဲ့ ကွန်ပျူတာတွေနဲ့ ကင်မရာတွေ ကိုလည်း စစ်ဆေးခံခဲ့ရတယ်လို့ သိရပါတယ်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ ခွင့် အဖွဲ့အစည်းကလည်း မနေ့ညကပဲ ထို ဂျာနယ်လစ် ၂ ယောက်ကို ချက်ချင်း ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုခဲ့ပါသေးတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
http://knowledge.thithtoolwin.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment