သမီးဖြစ်သူကို ပူးတွဲထိန်းသိမ်းခွင့်ရသွားတဲ့ ခရစ်ဘရောင်း


အမေရိကန်အဆိုတော် ခရစ်ဘရောင်းသည် သမီးဖြစ်သူ ရိုင်ယယ်တီကို ပူးတွဲထိန်းသိမ်း စောင့်ရှောက်ခွင့်ရရှိသွားပြီဖြစ်သည်။
အဆိုတော်ခရစ်ဘရောင်း နှင့် ၎င်း၏ရည်းစားဟောင်း မော် ဒယ်နီအာဂုဇ်မန်းတို့သည် ကလေးစရိတ်ထောက်ပံ့မှုနှင့် ကလေး အုပ်ထိန်းခွင့်တို့နှင့်ပတ်သက်၍ အမှုဖြစ်နေသောကြောင့် စက် တင်ဘာ ၁၁ ရက်တွင် နှစ်ဖက် ရှေ့နေများသည် အမေရိကန် နိုင်ငံ တက္ကဆက်ပြည်နယ် ဟူ စတန်တရားရုံး၌ အမှုရင်ဆိုင်ခဲ့ ကြသည်။
ရိုင်ယယ်တီ၏ မိခင်ဂုဇ်မန်းက သမီးဖြစ်သူကို အပြည့်အဝထိန်းသိမ်းစောင့်ရှောက်ခွင့်နှင့် သမီးဖြစ်သူထံ ခရစ်ဘရောင်း လာရောက်မှုကို ကြီးကြပ်ခွင့် တောင်းဆိုခဲ့သော်လည်း တရား သူကြီးက ကလေးကို ပူးတွဲထိန်း သိမ်းစောင့်ရှောက်သင့်သည်ဟု ဆုံးဖြတ်ခဲ့သည်။ ဂုဇ်မန်းက ခရစ် ဘရောင်းအနေဖြင့် တစ်လလျှင် ကလေးစရိတ် အမေရိကန်ဒေါ် လာ ၁၅,၀၀၀ ပေးရန် တောင်းဆို ခဲ့သော်လည်း တရားသူကြီးက ခရစ်ဘရောင်းပုံမှန်ပေးနေကျဖြစ် သော ကန်ဒေါ်လာ ၂,၅၀၀ သာပေးရန်ဆုံးဖြတ်ခဲ့သည်။ ထို့အပြင်ဂုဇ်မန်းအနေဖြင့် ကလေး၏ဖခင်ဖြစ်သူ ခရစ်ဘရောင်းကို လူသိ ရှင်ကြားဝေဖန်ခြင်းမပြုရန် တရားရုံး က တားဆီးခဲ့သည်ဟု TMZ.com ကဖော်ပြသည်။
အသက် (၂၆)နှစ်အရွယ် ခရစ်ဘရောင်းသည် ၎င်း၌ အသက်(၁)နှစ်အရွယ်သမီးရှိနေ ခြင်းကို ပြီးခဲ့သည့်ဧပြီတွင် Instagram စာမျက်နှာမှတစ်ဆင့် အတည်ပြုခဲ့သည်။ ပြဿနာများ သည်ဟု နာမည်ကြီးသော ခရစ်ဘရောင်းသည် သမီးနှင့် ပတ်သက်သောအရေးကိစ္စများတွင် အလွန်တက်ကြွလျက်ရှိပြီး မကြာမီထွက် မည့် ၎င်း၏အယ်လ်ဘမ်သစ်ကို လည်း သမီးအမည်ပေးထား သည်။  
   —Ref: Contactmusic
http://www.7daydaily.com/story/46277
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment