တက္ကသိုလ်ပြန်တက်နေတဲ့ ပတ်ရှင်ဟီး


 တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီးပတ်ရှင်ဟီးသည် ပညာရေးဆုံးခန်းတိုင်စေရန် တက္ကသိုလ်ပြန်တက်နေပြီဖြစ် သည်။
‘‘ပတ်ရှင်ဟီးတက္ကသိုလ်ပြန် တက်နေပါပြီ။ အခုတော့ ပညာရေးကိုအာရုံစိုက်သွားပါမယ်’’ဟု ပတ်ရှင်ဟီး၏အေဂျင်စီ S.A.L.T Entertainment တာဝန်ရှိသူတစ်ဦးကပြောသည်။
ကေဒရာမာစတားပတ်ရှင် ဟီးသည် ဆိုးလ်မြို့ Chung-Ang တက္ကသိုလ်၌ ပြဇာတ်နှင့်ရုပ်ရှင် ဘာသာရပ်ကို လေ့လာဆည်းပူး နေသူဖြစ်သည်။ အသက် (၂၅)နှစ်အရွယ်ရှိ ပတ်ရှင်ဟီးသည် ၂၀၀၈ တွင် တက္ကသိုလ်တက်ခွင့် ရရှိခဲ့သော်လည်း နောက်ပိုင်း၌ အနုပညာလှုပ်ရှားမှုများနှင့် မအားလပ်သောကြောင့် ပညာရေးရပ်တန့်ထားခဲ့သည်။ ပတ်ရှင်ဟီးသည် လာမည့်နှစ်ဖေဖော်ဝါရီတွင် နောက်ဆုံးပညာသင်နှစ် ပြီးဆုံး၍ ဘွဲ့ယူရန်အစီအစဉ်ရှိ သည်။
ကေဒရာမာစတားများဖြစ် သော ဟွန်ဘွန်း၊ ကင်ဆူဟွန်း၊ ဂျန်နာရာနှင့် ယွန်းအွန်ဟေးတို့ သည်လည်း Chung-Ang တက္က သိုလ်မှအနုပညာဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သူများဖြစ်သည်။
—Ref: KDramaStars
http://www.7daydaily.com/story/46276
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment