စင်ကာပူမှာ ငြိမ်းချမ်းရေးပြဇာတ်ကမယ့် အိချောပို



By
ဖြူဖွေးသန့်
စင်ကာပူနိုင်ငံ၌ ဖျော် ဖြေမည့် ရေဘေးဒုက္ခသည်များအ တွက် ငြိမ်းချမ်းရေးပြဇာတ်တွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ခွင့်ရ သည့်အတွက် ရင်ခုန်စိတ်လှုပ်ရှား ပြီး ၀မ်းသာကြည်နူးမိကြောင်း သရုပ်ဆောင် အိချောပိုကပြော သည်။
‘‘အိချော ဦးဇာဂနာစီစဉ်တဲ့ ငြိမ်းချမ်းရေးပွဲမှာ တစ်ခန်းရပ် ပြ ဇာတ်ရယ်၊ အငြိမ့်ရယ်က ပေးရ မယ်။ ဒီပွဲကရေဘေးသင့် ပြည်သူ တွေအတွက် ရည်ရွယ်လုပ်တာ ရယ်၊ သရုပ်ဆောင်တွေရော၊ သီး လေးသီးအဖွဲ့ဝင်ရော၊ Miss Myanmar တွေရော ပါဝင်တာ ကြောင့် ထူးခြားတယ်။ ကွာခြား တာကတော့ ပြန်လည်လှူဒါန်းတဲ့ ပွဲလေးဖြစ်တဲ့အတွက် အိချောပို တို့ အနုပညာသမားတွေလည်း တစ်ဖက်တစ်လမ်းက ပါဝင်ခွင့်ရ လို့ အတတ်နိုင်ဆုံးကြိုးစားပြီး ကူ ညီပေးသွားမယ်။ အရမ်းလည်း ရင်ခုန်ပြီး ပျော်ပါတယ်’’ဟု အိ ချောပိုက ပြောသည်။
အိချောပိုသည် မကြာမီ ရုံ တင်မည့် ‘ကောင်းကျိုးကိုယ်၌ တည်စေမင်း’ ရုပ်ရှင်ဇာတ်ကား၌ လည်း စိတ်မနှံ့သည့် မိန်းကလေး နေရာမှ သရုပ်ဆောင်ထားပြီး လက်ရှိတွင် ဒါရိုက်တာသားကြီး ရိုက်ကူးသည့် တလွဲစိန်ဗီဒီယို ဇာတ်ကား၌    သရုပ်ဆောင်ပြေတီဦးနှင့် တွဲဖက်သရုပ်ဆောင်နေပြီး ငြိမ်းချမ်းရေးပြဇာတ် ကရန် စီစဉ်နေသည်ဟု သိရသည်။
http://www.7daydaily.com/story/46278

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment