အမေရိကန် အဆိုတော်မက်ဒေါနားသည် ၎င်း၏ Rebel Heart Tour ကမ္ဘာလှည့်ဖျော်ဖြေပွဲကို စက်တင်ဘာ ၉ ရက်တွင် ကနေဒါနိုင်ငံ မွန်ထရီယယ်မြို့ Bell Centre ၌ စတင်လိုက်သည်။
အသက် (၅၇)နှစ်အရွယ်ရှိ မက်ဒေါနားသည် Rebel Heart ကမ္ဘာလှည့်ဖျော်ဖြေပွဲ ပွဲဦးထွက်နေ့တွင် ၎င်း၏နောက်ဆုံးထွက်ရှိသော Rebel Heart တေးအယ်လ်ဘမ်မှ သီချင်းများအပြင် နာမည်ကျော်သီချင်းများဖြစ်သည့် MaterialGirl, Holiday, Everybody, Lucky Star စသည့်သီချင်းများဖြင့်လည်း ဖျော်ဖြေခဲ့သည်။
အဆိုတော်ဒစ်ပလိုက ပွဲကိုဖွင့်လှစ်ခဲ့ပြီးနောက်တွင် မက်ဒေါနားက ၎င်းတို့နှစ်ဦးပူးပေါင်းထုတ် လုပ်ထားသော BitchI'm Madona သီချင်းကို ဖျော်ဖြေတင်ဆက်ရန် စင်ပေါ်တက် လာခဲ့သည်။
မက်ဒေါနား၏ Rebel Heart ကမ္ဘာလှည့်ဖျော်ဖြေပွဲသည် စက်တင်ဘာ ၉ ရက်တွင် ကနေဒါနိုင်ငံ မွန်ထရီယယ်မြို့၌ စတင်ပြီး ၂၀၁၆ မတ်လ ၂၇ ရက်တွင် သြစတြေးလျနိုင်ငံ ဘရစ္စဘိန်းမြို့၌ အဆုံးသတ်မည်ဖြစ်သည်။ ယင်းကမ္ဘာလှည့် ဖျော်ဖြေပွဲခရီးစဉ်တွင် ဖျော်ဖြေပွဲ စုစုပေါင်း ၇၀ ပြုလုပ်သွားမည်ဟု သိရသည်။
—Ref: Just Jared
http://www.7daydaily.com/story/46207
0 comments:
Post a Comment