တရားခံပြေးဖမ်းရာမှ ရဲနှစ်ဦး သံလျင်၌ သေဆုံး



သန်လျှင်မြို့နယ်တွင် တရားခံပြေး တစ်ဦးအား ရဲမှသွားရောက် ဖမ်းဆီးစဉ် ပြန်လည်ခုခံပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦးအား ဓားဖြင့်ထိုးသတ် ထွက်ပြေးလာသူ တရားခံပြေးတင်မြင့်အား လိုက်လံဖမ်းဆီးရာ ဘုရားကုန်းလမ်းဆုံတွင် ဖမ်းဆီးရမိ။ ဓါတ်ပုံ။ ။ Credit Aung Myint
 ရန်ကုန် စက်တင်ဘာ ၂

 သန်လျင်မြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ်အောင်နိုင်နှင့် အဖွဲ့သည် သန်လျင်ရဲစခန်းမှ တရားခံပြေး တင်မြင့်(၄၇နှစ်) ဇာမဏီဆည်အနီး ဘုရားကုန်းကျေးရွာ သန်လျင်မြို့နယ်နေသူကို ယနေ့နံနက် ၁ဝ နာရီ ၁၅ မိနစ်က သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာ (၁၈) ကုန်းထိပ်ရှိ သဘာဝအလှ တည်းခိုရိပ်သာတွင် တည်းခိုနေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးရာ တင်မြင့်က အခန်းတွင်းမှနေ၍ အရိုး ငါးလက်မ၊ အသွား ၉ ဒသမ ၅ လက်မ ဓားဦးချွန်ဓားမြှောင်တစ်ချောင်း၊ အရိုး ငါးလက်မ၊ အသွား ကိုးလက်မရှိ ဓားဦးချွန် ဓားမြှောင်တစ်ချောင်းတို့ကို ကိုင်ဆောင်၍ ရဲတပ်ဖွဲ့ဝင်များအား ပြန်လည်ခုခံသဖြင့် နယ်ထိန်းအရာရှိ ရဲအုပ်အောင်နိုင်နှင့် ရဲတပ်ကြပ် သူရလွင်တို့နှစ်ဦးမှာ ဓားဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံး သွားသည်။

တင်မြင့်အား ကျန်တပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာ မွန်းတည့် ၁၂ နာရီတွင် ဘုရားကုန်းကျေးရွာအုပ်စု ဂျမားလမ်းခွဲအနီး၌ ဖမ်းဆီးရမိခဲ့ပြီး သန်လျင်မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment