ကောင်ညှင်းပေါင်းဖိုးအကြွေးတောင်ရာမှ လူသတ်မှုဖြစ်ပွား


 မကွေး အောက်တိုဘာ ၂၃

 မကွေးမြို့နယ် မိကျောင်းရဲ ချမ်းမြ ရပ်ကွက်နေ ဦးသံပေလုံး(၄ဝနှစ်)သည်အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီက ဈေးရောင်းသွားသည့် ညီမဖြစ်သူ မမြင့်မြင့်နွယ် (၃၈ နှစ်) ပြန်ရောက်မလာသဖြင့် တစ်ရပ်ကွက် တည်းနေ ကိုကျော်စိုး၊ ကိုမောင်ဌေး၊ ကိုအောင်မိုးတို့နှင့် သွားရောက် ရှာဖွေခဲ့ရာ မိကျောင်းရဲမြောက်ဘက် တစ်မိုင်ခန့် မိကျောင်းရဲ ရေထွက်သွား လှည်းလမ်းအရှေ့ဘက်ပေ ၁ဝဝ ခန့် အကွာ ရိုးချောက်ထဲ၌ မမြင့်မြင့် နွယ်မှာ ဒဏ်ရာဖြင့်သေဆုံးနေသည် ကိုတွေ့ရှိရသဖြင့် ဦးသံပေလုံးက အောက်တိုဘာ၂ဝ ရက်တွင် တိုင်ကြား ခဲ့သောကြောင့် မိကျောင်းရဲနယ်မြေ ရဲစခန်းက အမှုဖွင့်ထားရှိပြီး ပြစ်မှု ကျူးလွန်သူအား စုံစမ်းဖော်ထုတ် အရေးယူနိုင်ရေး ဆောင်ရွက်ခဲ့သည်။

အခင်းဖြစ်ရပ်အနီး မျက်မြင် သက်သေများကို ရှာဖွေစုံစမ်းခဲ့ပြီး သက်သေအား စစ်ဆေးရာ သေဆုံးသူ မမြင့်မြင့်နွယ်နောက်မှ လိုက်ပါသွားသူမှာ ရေထွက်ကျေးရွာ နေ ကျော်ကျော်လတ်(၂၇နှစ်)ဖြစ် ကြောင်း သိရသည်။ ကျော်ကျော် လတ်ကို စစ်ဆေးခဲ့ရာ မမြင့်မြင့်နွယ် က ¤င်းထံရရန်ရှိသော ကောက်ညှင်း ပေါင်းဖိုးငွေကျပ် ၄ဝဝ ကို တောင်းခံ သဖြင့် ရုတ်တရက်ဒေါသထွက်ကာ ရိုးချောက်ထဲသို့ ထင်းကောက်ရန် ဆင်းသွားသော မမြင့်မြင့်နွယ်နောက် သို့ လိုက်သွားပြီး နောက်ကျောကို လက်ဖြင့် ဆောင့်တွန်း လိုက်ရာ ရှေ့၌ရှိနေသော ကျောက်တုံးနှင့်နဖူး တိုက်မိရာမှ လဲကျဒဏ်ရာရသွားပြီး ငြိမ်သက်နေသဖြင့် ကျော်ကျော်လတ် က မမြင့်မြင့်နွယ်အား တရွတ်ဆွဲသွား ပြီး ရိုးချောက်ထဲရှိ ချုံပုတ်အတွင်း ရောက်သောအခါ အနီး၌အသင့်တွေ့ ရှိသော ကျောက်ခဲနှစ်ခဲဖြင့် မမြင့်မြင့် နွယ်၏ နဖူးနှင့် ဦးခေါင်းဆံစပ်ကို ထုသတ်ခဲ့ကြောင်း၊ သေဆုံးသူ မမြင့်မြင့်နွယ်ထံမှ ငွေကျပ် ၁၇၂ဝဝ ကို ယူဆောင်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် ကျော်ကျော်လတ် အား အောက်တိုဘာ ၂၁ ရက်က ဖမ်းဆီးခဲ့ပြီး အမြန်ဆုံးတရားစွဲနိုင် ရေး ဆောင်ရွက်လျက်ရှိကြောင်း မိကျောင်းရဲနယ်မြေရဲစခန်းမှ သိ ရသည်။

 ကျော်ဇေယျ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment