နိုဝင်ဘာ ၈ ရက် ညနေပိုင်း ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုကို နှုတ်ခွန်းဆက်စကား ပြောကြားမည်


 နိုဝင်ဘာ ၈ ရက်နေ့ မဲရုံပိတ်သိမ်းပြီးနောက် ညနေ ၅ နာရီကျော်တွင် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဌာနချုပ်ရုံး ဆောက်လုပ်ဆဲ နေရာတွင် ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ တက်ရောက်လာသောပြည်သူများအား နှုတ်ခွန်းဆက် စကားပြောကြားမည်ဟု NLD ပါတီထံမှ သတင်းရရှိသည်။

ထိုနေ့ညနေပိုင်းတွင် ရွေးကောက်ပွဲ ကနဦးရလဒ်များ ထွက်ပေါ်လာသည့်အပေါ် NLD ဥက္ကဌက တည်ငြိမ်အေးချမ်းစွာ ပြီးမြောက်နိုင်ရေးအတွက် နှုတ်ခွန်းဆက်စကား ပြောကြားမည်ဖြစ်သည်။
“အဲဒီနေ့မှာ ရွေးကောက်ပွဲရလဒ်က မဲရုံပိတ်သိမ်းပြီးချိန်နောက်ပိုင်းမှာ အနိုင်/အရှုံးရလဒ်တွေ သိသင့်သလောက် သိပြီးချိန်မှာ NLD အနိုင်ရခဲ့ရင် NLD ကိုထောက်ခံသူ မဲဆန္ဒရှင်ပြည်သူတွေက အပျော်လွန်ပြီး အောင်ပွဲခံမယ်ဆိုရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်လာမှာကို ကြိုတင်ထိန်းကွပ် အသိပေးမယ်လို့ သိရတယ်။ မကျေနပ်တဲ့ ရလဒ်တခု ထွက်လာရင်လည်း အကြမ်းဖက်မှုတွေနဲ့ကင်းတဲ့ တုံ့ပြန်မှုတွေနဲ့ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးဖြစ်အောင် ပြောဆိုမယ်လို့ သိထားတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလည်း စည်းလွတ်ဝါးလွတ် အောင်ပွဲမခံဖို့ ဒေါ်စုကိုယ်တိုင် ကော့မှူးကပြည်သူတွေ၊ အဖွဲ့ဝင်တွေကို တိုက်ရိုက်မှာကြားခဲ့တာတွေ ရှိတယ်။ မဲမသမာမှုတွေနဲ့ ရလဒ်ကတမျိုးဖြစ်လာရင်တော့ ကျွန်တော်တို့ ဥက္ကဌက ပြည်သူတွေကို ဘယ်လိုကျေနပ်အောင်ပြောမလဲဆိုတာကတော့ အဲဒီနေ့ကျရင် ဘာပြောမလဲဆိုတာ စိတ်ဝင်စားစရာပဲ”ဟု NLD ရုံး အုပ်ချုပ်ရေးဌာနမှ ဦးကျော်ဆွေက ပြောသည်။

NLD ဥက္ကဌသည် နိုဝင်ဘာ ၈ ရက် နံနက် ၇ နာရီကျော်တွင် ဗဟန်းမြို့နယ် ရွှေတောင်ကြား (၁) ရပ်ကွက်ရှိ အမက (၃) မဲရုံတွင် သွားရောက်မဲပေးမည်ဖြစ်ပြီး သူမ၀င်ရောက်အရွေးချယ်ခံမည့် ကော့မှူးမြို့နယ်သို့ ဆက်လက်ထွက်ခွာကာ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ မဲဆန္ဒပေးသည့် အခြေအနေကို လေ့လာကြည့်ရှုပြီး သက်ဆိုင်ရာ ကော်မရှင်ရုံးသို့ ၀င်ရောက် လေ့လာကြမည်ဖြစ်ကြောင်း NLD ပါတီမှ သိရသည်။ NLD ဌာနချုပ်ရုံးရှေ့တွင် မဲဆန္ဒနယ်အလိုက် အနိုင်အရှုံးစာရင်းများကို သတင်းရရှိသည်နှင့် တပြေးညီ LED ဘုတ်ကြီးဖြင့် ပြည်သူများအား ပြသသွားရန် စီစဉ်ထားကြောင်း သိရသည်။

ကိုဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment