အီးတီ ဇာတ်ညွှန်းဆရာမ မာသီဆန် ကွယ်လွန်

 

ဂြိုဟ်သား အီးတီဆိုလျှင် မသိသူ မရှိသလောက် ဖြစ်သည်။ အီးတီဇာတ်ကားကို အသက်သွင်းရာတွင် အဓိက နေရာက ပါဝင်ခဲ့သော ဇာတ်ညွှန်းရေး ဆရာမ မလီဆာမာသီဆန်သည် အသက် (၆၅) နှစ်အရွယ်တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရသည်။
      မာသီဆန်သည် အီးတီဇာတ်ညွှန်းဖြင့် ၁၉၈၂ ခုနှစ် အော်စကာဆု ဇာတ်ညွှန်းကဏ္ဍတွင် ဆန်ခါတင်အဆင့်ထိ ပါဝင်ခဲ့သည်။ အီးတီဇာတ်ကားကို စတီဗင် စပီးဘာ့ဂ်ျ ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူး ထုတ်လုပ်ခဲ့သည်။
      ““မလီဆာဟာ မေတ္တာပြည့်ဝတဲ့ နှလုံးသားနဲ့ ရှင်သန်နေထိုင်ခဲ့သူပါ။ သူ့နှလုံးသား သင်္ကေတကို သူဖန်တီးခဲ့တဲ့ အီးတီ ဇာတ်ရုပ်က အကောင်းဆုံး သက်သေ ခံနေပါတယ်”ဟု ဒါရိုက်တာ စပီးဘာ့ဂ်ျက ပြောသည်။
      မာသီဆန်သည် ၁၉၇၉ ခုနှစ်တွင် The Black Stallion ဇာတ်ကားဖြင့် ဇာတ်ညွှန်းရေး ဆရာမဘ၀ စတင်ခဲ့သည်။ The Twilight Zone ဇာတ်ညွှန်း ရေးခဲ့သလို ၊ စာရေးဆရာ လင်းရိတ်ဘန့်ခ်၏ The Indian in the Cupboard ၀တ္ထုကိုလည်း ဇာတ်ညွှန်းရေးသား ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့သည်။ ဒါရိုက်တာ မာတင် စကောဆေး၏ ၁၉၉၇ ခုနှစ် ဇာတ်ကားဖြစ်သော ဒလိုင်လာမားဘ၀ သရုပ်ဖော် Kundun ကိုလည်း ဇာတ်ညွှန်း ရေးပေးခဲ့သည်။
      မာသီဆန်သည် ဟာရီဆင်ဖို့ဒ်နှင့် ၁၉၈၃ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ဂျော်ဂျီယာနှင့် မဲလ်ကွမ်အမည်ရှိ ကလေးနှစ်ယောက် ရရှိခဲ့ကာ ၂၀၀၄ ခုနှစ်တွင် ကွာရှင်း ပြတ်စဲခဲ့ကြသည်။   
Source: BBC
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment