ကြံ့ခိုင်ရေးပါတီဝင်အဖြစ် သတ်မှတ်ခံထားရသူများကို ပါတီအောင်နိုင်ရေး တိုက်တွန်းနိုးဆော်စာပေးပို့ခဲ့




 ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းတွင် ယခင် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မှီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တစ်အိမ်တစ်ယောက် မဖြစ်မနေ ဓါတ်ပုံရိုက်အသင်းဝင်ခိုင်းခဲ့သည့်သူများကို ယခုရွေးကောက်ပွဲ ပါတီအောင်နိုင်ရေး တိုက်တွန်း နိုးဆော်ပေးရန် အကြောင်းကြားစာပေးပို့ခဲ့သည်ဟု သိရသည်။

“အရင်က ကျနော်တို့ မသိလို့ ပါ။ မသိဘူးဆိုတာထက် ဘာအတွက် ဓါတ်ပုံရိုက်တာလဲ ဆိုတာ မေးခွင့် မရ၊ သိခွင့်မရလို့ပါပဲ။ နောက်မှ သူတို့ ပါတီဝင်အဖြစ် သတ်မှတ်တာကိုသိလိုက်ရတယ်။ အခုက စာတွေပို့လာတယ်။ သူတို့ပါတီကို မဲထည့်ဖို့ဆိုတာပေါ့။” ဟု ထီးဒီကူးရွာ မှ အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးက ပြောပါသည်။

ပါတီဝင်များတိုက်တွန်းနိုးဆော်စာသည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁)ရက်က စာဖြစ်ပြီး အောက်တိုဘာလ နောက်ဆုံးအပတ်အထိ ကြံ့ခိုင်ရေးပါတီဝင်အဖြစ် သတ်မှတ်ထားသူဆီကို ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကြံ့ခိုင်ရေးပါတီဝင်အဖြစ် အသင်းဝင်ကဒ် သတ်မှတ်ထားကြသူများသည် ယခင် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီတွင် မိမိတို့ကို ဓါတ်ပုံများရိုက်သွားပြီး မည်သည့်အတွက်ဆိုသည်ကို အသိပေးသွားခြင်းမရှိဘဲ ပါတီဝင်အသိအမှတ်ပြုကဒ်ကို လက်မှတ်အတုဖြင့် ထုတ်ပေးခဲ့သည်ဟု ပျားကနဲရွာမှ ဒေသခံများထံ သိရရှိရပါသည်။

၎င်းကဒ်ပြားများကို နွားလ၀ိုးကျေးရွာအုပ်စုရှိ ပကြဲစံပြ၊ ထီးသူးကူး၊ ပျားကနဲနှင့် (၃)မိုင်လွယ်တမူ ကျေးရွာများတွင် တွေ့ခဲ့ရပါသည်။

ကြံ့ခိုင်ရေးပါတီအဖြစ် တဖက်သတ်မှတ်ယူပြီး လာမည့် ရွေးကောက်ပွဲတွင် မိမိပါတီကို ထောက်ခံမဲထည့်ပေးရန် တိုက်တွန်းစာပို့လာခဲ့ခြင်းဖြစ်သည်ဟု ပျားကနဲရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါသည်။

၎င်းက “အရင်က ကျနော်တို့ မသိလို့ ပါ။ မသိဘူးဆိုတာထက် ဘာအတွက် ဓါတ်ပုံရိုက်တာလဲ ဆိုတာ မေးခွင့် မရ၊ သိခွင့်မရလို့ပါပဲ။ နောက်မှ သူတို့ ပါတီဝင်အဖြစ် သတ်မှတ်တာကိုသိလိုက်ရတယ်။ အခုက စာတွေပို့လာတယ်။ သူတို့ပါတီကို မဲထည့်ဖို့ဆိုတာပေါ့။” ဟု ပြောပါသည်။

ဓါတ်ပုံရိုက် ပါတီဝင်ကဒ်ပြား ကိုရရှိထားပြီး ပါတီဝင်များတိုက်တွန်းနှိုးဆော်စာကို ရရှိသည့်ကျေးရွာများသည် နွားလ၀ိုးကျေးရွာအုပ်စုရှိ ပကြဲစံပြ ၊ ထီးသူးကူး၊ ပျားကနဲနှင့် (၃)မိုင်လွယ်တမူ စသည့်ကျေးရွာများဖြစ်ပြီး ၄င်းကျေးရွာများတွင် အိမ်ခြေ စုစုပေါင်း (၄၀၀)နီးပါးရှိကြောင်းသိရသည်။

ပါတီဝင်ကဒ်ရှိထားကြသူများကို ကြံ့ခိုင်ရေးပါတီမှ တိုက်တွန်းနိုးဆော်စာပေးပို့ထားသည့်စာဖြစ်သည်။ ဓါတ်ပုံ ၊ ဖြိုးဝေအောင်


ဖြိုးဝေအောင်
Kantarawaddy Times
https://www.facebook.com/kantarawaddytimes/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment