ဒေါ်အောင်ဆန်းစုကြည် မဲပေးခဲ့ပြီ

ဒေါ်အောင်ဆန်းစုကြည် မဲပေးတဲ့ မြင်ကွင်းတွေ
ယနေ့မနက် ဗဟန်း အမက ၃ မဲရုံမှာ မဲပေးပြီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ယခု သူမ ရွေးကောက်ခံဒေသ ဖြစ်တဲ့ ကော့မှူးမြို့နယ် သို့ ရောက်ရှိသွားပြီး မဲရုံများ ကို ကြည့်ရှုခဲ့ပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ဟာ ဗဟန်း မြို့နယ်က မဲရုံ အမှတ်-၂ မှာ ဆန္ဒမဲ ပေးခဲ့ပြီ ဖြစ်ပါတယ်။

ဒါဟာ မြန်မာပြည် ရွေးကောက်ပွဲမှာ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပထမဆုံး ပေးခဲ့တဲ့ ဆန္ဒမဲ ဖြစ်ပါတယ်။

ဒီ သမိုင်းဝင် ဖြစ်ရပ်ကို သတင်းယူဖို့ စောင့်ဆိုင်း နေကြတဲ့ သတင်းမီဒီယာ တွေ ရာနဲ့ချီ စုဝေးနေကြ သလို ပြည်သူ အများကလည်း တခဲနက် အော်ဟစ် ကြွေးကျော် နှုတ်ဆက် ခဲ့ကြပါတယ်။

အဲဒီ့ နေရာမှာ ရှိနေတဲ့ ဘီ⁠ဘီစီ ရဲ့ အကြီးတန်း သတင်းထောက် ကိုမင်းထက် က ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာတုန်းမှာ တိုက်ရိုက် အသံလွှင့် တင်ဆက် ပေးပြီး လန်ဒန်ဘက်က ကိုသိန်းမြတ်က မေးမြန်း ထားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/


Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment