နိုဝင်ဘာလ ၈ ရက် ၂၀၁၅
သျှမ်းမြောက် ၊ နမ့်ခမ်းမြို့နယ်၊ ပန်းဆေးဒေသအတွင်းရှိ စံကားရွာ(မန့်စပ်ေ ကျးရွာ အုပ်စု) ၌ SNDP မဲရုံကိုယ်စားလှယ်များအား ပန်းဆေးပြည်သူ့စစ် အဖွဲ့များက လက်နက်ဖြင့်ခြိမ်းခြောက်ပြီး မောင်းထုတ်မှုဖြစ်ပေါ်ကြောင်း သျှမ်းသံတော်ဆင့် မှ သတင်းရရှိသည်။
မဲရုံစောင့်ကြည့်ဖို့အ တွက် စံကား ကျေးရွာကို နိုဝင်ဘာလ(၇)ရက်နေ့ က သွားရောက်ခဲ့ပြီး ၄င်း ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ညအိပ် ခဲ့ကြောင်း၊ည (၁၀း၀၀)နာရီအချိန် ၌ ၄င်းရွာ၏ အုပ်ချုပ်ရေးမှူး သားက အခြေအ နေ မကောင်းကြောင်း လာရောက်သတိပေးပြောဆို ပြီး (၁၅) မိနစ် အကြာ သေ နတ် ပစ်ဖေါက်ခြိမ်းခြောက်ခံရ ကြောင်း ၊ ပန်းဆေး ပြည်သူ့စစ်အဖွဲ့ဝင်များက ဘုန်းကြီးကျောင်း တံခါး မဖွင့်မချင်း တံခါးခေါက်ပြီး မဲရုံစောင့်ကြည့်ရေး ကိုယ်စားလှယ်များအား မောင်း ထုတ် ကြောင်း SNDP ကျားဖြူပါတီ မဲရုံကိုယ်စားလှယ် စိုင်းမောင်နိုင်ကဆိုသည်။
“ပန်းဆေးပြည်သူ့စစ်အဖွဲ့များက စစ်လက်နက်အပြည့်အစုံနဲ့ ကျနော်တို့ ညအိပ်တဲ့ဘုန်းကြီး ကျောင်းကိုရောက်လာပြီး ငါတို့ ရွာမှာ သူစိမ်း လက် ညမခံဘူး၊ အခုကားနဲ့မြန်မြန်ထွက်သွားတော့ လို့ မောင်း ထုတ်ကြိမ်းေ မာင်းခံရတယ် ၊ အခု မနက်ပိုင်းနမ့်ခမ်းမှာပြန်ရောက်လာတော့ မြို့နယ်ေ က်ာမရှင် ထံတိုင်ကြားထားတယ်” ဟု ၄င်းက သျှမ်းသံတော် ဆင့် အားပြော သည်။
ထို့အတူ ပန်းဆေးဒေသတစ်ခုလုံးရှိ မဲရုံထားရှိသော ရွာများတွင် ယခုသ တင်းေ ရး သားနေသည့် အချိန် နိုဝင်ဘာ လ (၈) ရက်နေ့ မနက် (၁၀း၀၀) နာရီအချိန်အထိ တာကွန့်ကျေးရွာ၊ ဆိုခရယ်ရွာ၊ မန့်မိုင်ရွာနှင့် လွယ် လွမ် ကျေးရွာ အုပ်စု ၁၃မိုင်စုစည်းရွာ များတွင် မဲရုံကိုယ်စားလှယ် များအား ပန်းဆေးပြည် သူ့စစ်လက်နက်ကိုင် တပ်ဖွဲ့ဝင်များက လက်နက်ဖြင့်ခြိမ်းေ ခြာက်နေပြီး မဲပေးသည့်နေရာတွင် ၀င်ရောက် ကြည့်ရှုခွင့်မပြုကြောင်း နမ့်ခမ်းမြို့နယ် SNDP ကျားဖြူပါတီ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ပန်းဆေးဒေသ၌ ၂၀၁၀ ရွေးကောက်ပွဲကာလတွင်လည်း အလားတူ ယခု လိုပြဿနာမျိုး လည်းဖြစ်ဖူး လာခဲ့ ကြောင်း ဒေသတွင်းမဲရုံစောင့်ကြည့်သူ များထံမှသိရသည်။
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
0 comments:
Post a Comment