လွိုင်ကော်မြို့နွားလဝိုးအုပ်စုတွင်း ကြိုတင်မဲပုံးတစ်ပုံး နောက်ကျ ၊ ကြံ့ခိုင်ရေးပါတီနိုးဆော် ယူလာ


လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအုပ်စုတွင် ကြိုတင်မဲပေးတာ ၆ ပုံး ရှိတယ် အမှတ် ၄ ပုံးက နာရီဝက်တွင် ရောက်ရှိလာသည်ဟု သိရသည်ဟု စောင့်ကြည့်ရေးအဖွဲ့ထံမှ သိရသည်။

"သတ်မှတ်ချိန်ထက် ၆ နာရီခွဲမှ ရောက်လာတယ်။ မင်္သကာ စရာဖြစ်နေတယ်။" ဟု ၎င်းမဲရုံများတွင် စောင့်ကြည့်သူ နိုင်ငံရေးပါတီကိုယ်စားလှယ်လောင်းတစ်ဦးက ပြောသည်။


နွားလဘိုးအုပ်စုမှ ပဒါးညေကျေးရွာမှ မဲလာထည့်သည့် ပအိုဝ်အမျိုးသမီးများသည် ယခင်နေ့ရက်က ကြံ့ခိုင်ရေးပါတီ တိုက်တွန်းနိုးဆော်ထားသည့် စာရွက်ကို ကိုင်ဆောင်လာကြသည်ဟု သိရသည်။

" ဘယ်ပါတီမှာပေးရမလဲဆိုတာမသိဘူး။ ပါတီတိုက်တွန်းနိုးဆော်ချက်တွေပေးထားတဲ့ ဒီစာစောင်အတိုင်းထည့်မလားလို့ဘဲ။" ဟု မဲလာထည့်သည့် ပအိုဝ်အမျိုးသမီးက ပြောသည်။


ပြီးခဲ့သည့်လအတွင်းတွင် ကြံ့ခိုင်ရေးမှ မိမိတို့ပါတီကို ထောက်ခံရန် ကျေးရွာအတွင်းရှိ ယခင် ၂၀၁၀ မတိုင်မှီက ပါတီဝင်အဖြစ်သတ်မှတ်ခဲ့သူများထံ တိုက်တွန်းစာပေးပို့ခဲ့ခြင်းဖြစ်သည်။


မည်သည့်ပါတီမဲပေးရမည်ကို မသိသူများက ၎င်းစာရွက်ကို မဲရုံသို့ ယူလာနေကြခြင်းကို တွေ့ခဲ့ရသည်။

ကယန်းကြပ်ခူ ပဒါးညေးကျေးရွာ မဲရုံ ၁၀၃၀ ဦးရောက် အမျိုးသမီး ၅၂၆ အမျိုးသား ၅၁၃ ဦးရှိသည်။

နွားလဝိုးကျေးရွာအုပ်စုအတွင်းတွင် မဲလာထည့်ကြသည့် သူများကို မြင်တွေ့ရစဉ်ဖြစ်သည်။

ဓါတ်ပုံ ၊ ဖြိုးဝေအောင်

ဝီလျံရှိန်း
Kantarawaddy Times
https://www.facebook.com/kantarawaddytimes/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment