ပန်ဒါ ဘာသာစကားကို လူတွေ နားလည်နိုင်တော့မည်


တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များသည် ပန်ဒါဝက်ဝံများ၏ စကားသံကို အနက်ဖော်နိုင်ပြီ ဖြစ်ကြောင်းသိရသည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွန်းပြည်နယ်ရှိ ပန်ဒါဝက်ဝံများဆိုင်ရာ တရုတ်သဘာဝ ပတ်ဝန်းကျင် စင်တာမှ သိပ္ပံပညာရှင်များ ငါးနှစ်ကြာ ကြိုးပမ်း ဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။ ပန်ဒါ အထီးများသည် မိတ်လိုက်ဖက်ကို မြူဆွယ်သည့်အခါ သိုးများကဲ့သို့ အော်တတ်ပြီး ပန်ဒါမများသည် သဘောကျ လက်ခံသည် ဆိုပါက ငှက်ကလေးများကဲ့သို့ ကျီကျီကျာကျာ အသံသာသာ လုပ်ကြကြောင်း လေ့လာတွေ့ရှိခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
      ပန်ဒါငယ်လေးများသည် စိတ်ညစ်နေသည့်အခါ ၀ိုးဝိုးဟု အော်တတ်ကြသည်။ ဗိုက်ဆာသည့်အခါ ဂီးဂီးဟုအော်ပြီး မိခင်ကို သတိပေးတတ်သည်။ သုတေသီအဖွဲ့သည် ပန်ဒါများ စားသောက်နေစဉ်၊ ရန်ဖြစ်နေစဉ်၊ အကြီးများက အငယ်များကို ပြုစုစောင့်ရှောက်နေစဉ် စသဖြင့် အခြေအနေ အမျိုးမျိုးကို စောင့်ကြည့်ကာ အသံများကို မှတ်တမ်းတင်ပြီး အပြုအမူများနဲ့ တွဲစပ်ကာ အဓိပ္ပာယ်ဖော်ခြင်း ဖြစ်သည်။ ပန်ဒါစကား နားလည်ခြင်းဖြင့် မျိုးသုဉ်းလုနီး ဖြစ်နေသော ပန်ဒါများကို ကာကွယ်နိုင်ရေး ပိုထိရောက်လာမည် ဖြစ်သည်။ စင်တာသည် ပန်ဒါ စကားပြန် အပလီကေးရှင်းကိုပါ ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက် သွားမည်ဟု သိရသည်။
      တရုတ်နိုင်ငံတွင် ပန်ဒါ (၁၈၀၀)ခန့်သာ ကျန်ရှိတော့ပြီး မွေးမြူရေး စခန်းများနှင့် ကမ္ဘာ့တစ်ဝန်း တိရစ္ဆာန်ရုံများတွင်လည်း ကောင်ရေ (၃၀၀) ခန့်သာ ရှိတော့သည်။
Source: BBC
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment