သေနတ်ရှစ်လက် ကျည်ဆန်မျိုးစုံ တစ်သောင်းကျော်နှင့် လိုင်စင်မဲ့ကားတစ်စီး မော်လမြိုင်၌ ဖမ်းမိ


မွန်ပြည်နယ် မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက် သပြေလမ်း အမှတ်(၁၈၁)နေအိမ်သို့ သက်သေ များနှင့်အတူ မင်းမြင့်နိုင်(ခ)နိုင်ကို နိုင် (နိုင်အိုက်ချမ်းဦးဆောင်သော မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ) အသက် ၄ဝ နေအိမ်သို့ ယမန်နေ့ည ၉ နာရီခန့် က ဝင်ရောက်ရှာဖွေရာ နေအိမ်ရှေ့ တွင် လိုင်စင်မဲ့ မော်တော်ယာဉ် အမှတ်(7C/xxxx) SURF အမျိုးအစားတစ်စီး၊ ယာဉ်မောင်းထိုင်ခုံ ပေါ်မှ ၉ မမပစ္စတိုတစ်လက်(ကျည်အိမ်နှင့်၎င်းကျည်ငါးတောင့် ပါ)၊ ပွိုင့် ၃၂ ပစ္စတိုတစ်လက်(ကျည်အိမ်နှင့် ၄င်းကျည်ခုနစ်တောင့် ပါ)ကို လည်းကောင်း၊ ကားနောက်ခန်းအတွင်းမှ အမ် ၁၆ တစ်လက်(ကျည်အိမ်နှင့် ၄င်းကျည်အတောင့် ၂ဝပါ)တို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ၄င်းနေအိမ်အတွင်း ဆက် လက်ရှာဖွေရာ ဝဲဘက်ခန်းရှိ မြေအောက်ခန်းအတွင်းမှ ရေအနက် နှစ်ပေခန့်တွင် နှစ်မြှုပ်ဝှက်သိမ်းထားသည့် အမ် ၂၂ အမျိုးအစား သေနတ်တစ်လက်(ကျည်အိမ်ပါ)၊ အမ် ၁၆ အမျိုးအစား သေနတ် တစ်လက်(ကျည်အိမ်ပါ)၊ ဝင်ချက်စတာအမျိုးအစား သေနတ်နှစ် လက်(ကျည်အိမ်မပါ)၊ စတီဗင်အမျိုးအစား စနိုက်ပါတပ်လျက် လေသေနတ်တစ်လက်၊ ၉ မမ ကျည် ၇၅၃ တောင့်၊ ၁၂ ဗို့ကျည် အဝါရောင်အတောင့် ၅ဝ၊ ၁၂ ဗို့ကျည်အနီရောင်အတောင့် ၂ဝဝ၊ သုည ဒသမ ၂၂ ကျည်တောင့် ၉၅ဝဝ တို့အားလည်းကောင်း၊ နေအိမ် ရှေ့ခန်းအတွင်းရှိ ခုတင်ပေါ်တွင်တင်ထားသော မိန်းမကိုင်လက်ဆွဲ အိတ်(ရွှေရောင်)အတွင်းမှငွေစက္ကူရောရာငွေကျပ် ၁၅ဝ၇ဝဝဝ၊အဆို ပါ မိန်းမကိုင်လက်ဆွဲအိတ်အတွင်းရှိ အမျိုးသမီးလက်ကိုင်အိတ် အသေး(ပန်းရောင်)အတွင်းမှ ငွေစက္ကူရောရာ ငွေကျပ် ၁၄၇ဝ၅ဝ၊ ရွှေဟုယူဆရသော ခရမ်းရောင်ကျောက်အား ကျောက်ဖြူများပတ် ထားသည့် နားကပ်တစ်ရန်တို့ကိုလည်းကောင်း၊ နေအိမ်ဧည့်ခန်း အတွင်းမှ Sim Card မပါ ZXET အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်းတစ်လုံး၊ Sim Card ပါ VIVO အမျိုးအစား အဖြူ ရောင်လက်ကိုင်ဖုန်းတစ်လုံး၊ Sim Card ပါ HONOR အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်းတစ်လုံး၊ မင်းမြင့်နိုင်(ခ)နိုင်ကိုနိုင်ကိုင် ထားသည့် HOSHIGOU စာတန်းပါ အညိုရောင်အမျိုးသား လက်ကိုင်အိတ်အတွင်းမှ ငွေစက္ကူရောရာငွေကျပ် ၁၈၆ဝဝဝ၊ ရွှေဟု ယူဆရသည့် ဘုန်းတော်ကြီးပုံပါ ဆွဲသီးတစ်ခုတို့ကိုလည်းကောင်း အသီးသီးတွေ့ရှိသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းခဲ့သည်။

မင်းမြင့်နိုင်(ခ)နိုင်ကိုနိုင်အား မော်လမြိုင်မြို့ ဇေယျာသီရိ နယ်မြေရဲစခန်းက (ပ)၆/၂ဝ၁၆၊ လက်နက်(ယာယီ)၊ ပြင်ဆင်ချက် အက်ဥပဒေပုဒ်မ ၁၉-က အရ စခန်းမှူး ရဲအုပ်စိုးမြင့်က တရားလို အမှုစစ်အဖြစ်ပြုလုပ်၍ အမှုဖွင့်အရေးယူထားသည်။

ကျော်သန်း(မော်လမြိုင်)
The Union Daily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment