မကွေးမြို့ ပြည်သူ့ဆေးရုံကြီး၌ သုံးမြွှာပူးကလေး ခွဲစိတ်မွေးဖွား


မကွေး ဇန်နဝါရီ ၃ဝ

စလင်းမြို့နယ် တောင်ကန်အုပ်စု တောင်ကန်ကျေးရွာနေ မသူဇာဝင်း အသက်(၃ဝ)နှစ်မှ မကွေးမြို့ ပြည်သူ့ဆေးရုံကြီး သားဖွားမီးယပ်ဆောင်၌ ဇန်နဝါရီ ၂၅ ရက်က သုံးမြွှာပူးကလေးကို အောင်မြင်စွာ ခွဲစိတ်မွေးဖွားခဲ့ကြောင်း သိရသည်။

မကွေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယခုနှစ်အတွက် ပထမဆုံးအကြိမ် ခွဲစိတ်မွေးဖွားပေးခဲ့သော သုံးမြွှာပူးကလေးငယ်များ၏ မိခင်မှာ ကိုယ်ဝန် စဆောင်စဉ်အခါကပင် ဂရုတစိုက်နေထိုင်စားသောက်ခဲ့ပြီး ကိုယ်ဝန်ငါးလနီးပါးရှိ လာသောအခါ မကွေးမြို့သားဖွားမီးယပ်ပါရဂူနှင့်ပြသ၍ အာထရာဆောင်း ရိုက်ကြည့်ရာ သုံးမြွှာပူးဟုသိခဲ့ရပြီး မွေးဖွားမည့်ရက်ကို ဖေဖော်ဝါရီလကုန် ဟုသတ်မှတ်ပေးခဲ့သော်လည်း နာကျင်ကိုက်ခဲမှုဝေဒနာကို များစွာခံစားရသဖြင့် သတ်မှတ်ရက်ထက် တစ်လကျော်စောပြီး မွေးဖွားခဲ့ရာ ကလေးငယ်များနှင့်အတူ မိခင်ဖြစ်သူပါ ကျန်းကျန်းမာမာရှိကြောင်း မသူဇာဝင်းက ပြောခဲ့သည်။

သုံးမြွှာပူးကလေးငယ်များမွေးဖွားမှုနဲ့ပတ်သက်၍ မကွေးတိုင်းဒေသကြီး လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးမှ တာဝန်ရှိသူအား ဆောင်ရွက်ပေးထားခြင်းများကို ဆက်သွယ်မေးမြန်းခဲ့ရာ ''လောလောဆယ် ကလေးတွေရဲ့မိခင်အတွက် အမျိုးသမီးအသုံးဆောင်ပစ္စည်း(၁ဝ)မျိုး သားဖွားဆောင် ကိုသွားရောက်ထောက်ပံ့ပေးခဲ့ပါပြီ၊ သုံးမြွှာပူးမွေးဖွားတဲ့အတွက် ဌာနက သတ်မှတ်ထားတဲ့ထောက်ပံ့ငွေကျပ် ငါးသိန်းကတော့ ယခုနှစ် ဘတ်ဂျက် မမီတော့လို့ နောက်နှစ်ကျမှရတော့မှာပါ၊ မကွေးတိုင်းဒေသကြီးထဲမှာ အလားတူဖြစ်ရပ်မျိုး ပခုက္ကူကလည်းရှိတဲ့အတွက် သေချာစာရင်းပြုစုပြီး သက်ဆိုင်ရာကို တင်ပြထားတဲ့အတွက် လာမယ့်ဘတ်ဂျက်မှာ သေချာထောက်ပံ့ပေးသွားနိုင်မှာပါ''ဟု ပြောသည်။

ပိုင်ဇေ(မကွေး)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment