ကျောက်ဖြူပင်လယ်ပြင် ငါးဖမ်းလုပ်ကွက်များတွင် ဘင်္ဂါလီ ငါးဖမ်းလှေများ နှောင့်ယှက်မှုကြောင့် ဒေသခံများ အခက်အခဲဖြစ်


ရခိုင်ပြည်နယ် ကျောက်ဖြူ ကမ်းလွန်ပင်လယ်ပြင် ကမ်းနီးကမ်းဝေး ငါးဖမ်း လုပ်ကွက်များအတွင်း ဘင်္ဂါလီလှေများသည် ဒေသခံများ၏ ငါးဖမ်းဆီးမှုကို ဟန့်တားနှောင့်ယှက်ခြင်း၊ ငါးဖမ်းပိုက်များကို ဓားဖြင့်ခုတ်ခြင်း၊ လူကိုရန်ပြုခြင်းတို့ ပြုလုပ်မှုများ ရှိနေကြောင်း ကျောက်ဖြူဒေသခံ ရေလုပ်သားများထံမှ သိရှိရသည်။

“ကမ်းဝေးသွား ငါးဖမ်းရတာ အရမ်းအန္တရာယ် များပါတယ်။ ဘင်္ဂါလီလှေတွေက ဖျက်ဆီးလို့။ ငါးဖမ်းတဲ့ ပိုက်ကို ဓားနဲ့ခုတ် ဖျက်ဆီးသွားတာတို့၊ ပိုင်းယူသွားတာတို့နဲ့ သိန်းနှစ်ဆယ်ဖိုးလောက် ဆုံးရှုံးသွားပြီ။ အဲဒီကိစ္စကို ကျွန်တော်တို့ ငါးဖမ်းလှေတွေမြို့နယ် ငါးဦးစီးဌာနကို အကြိမ်ကြိမ် တင်ပြထားပေမယ့် စိစစ်ဆောင်ရွက်ပေးမှု မရှိသေးဘူး” ဟု ကျောက်ဖြူ ငလပွေ့ဆိပ်ကမ်း၊ ဧရာဝတီတိုင်းမှ တန်ကဲငါးဖမ်းလှေ ပိုင်ရှင် ဦးရဲထွန်းက ပြောသည်။

ရမ်းဗြဲမြို့နယ်ရှိ ကျောက်နီမော်ကျေးရွာ၊ စစ်တွေမြို့နယ်နှင့် မြေပုံ၊ မင်းပြားမြို့နယ်များမှ ဘင်္ဂါလီ ငါးဖမ်းလှေများက ရန်ပြုနေခြင်းဖြစ်ပြီး ကမ်းမှ ရေမိုင်နှစ်ဆယ်ကျော် အကွာအဝေးရှိ လုပ်ကွက်နေရာ အချို့အား ဘင်္ဂါလီ ငါးဖမ်းလှေတစ်စီးတွင် ရေလုပ်သား ဆယ်ဦးမှ နှစ်ဆယ် ၀န်းကျင်ထိ ပါဝင်၍ ကျုးကျော်ကာ ငါးဖမ်းဆီး
နေကြကြောင်း ဒေသခံရေလုပ်သားများထံမှ သိရသည်။

“ဒီနှစ် ဘင်္ဂါလီတွေ ရန်ပြုတာ ၊ ပိုက်တွေကို ဖျက်ဆီးတာ စတဲ့အန္တရာယ်တွေ ကြုံတွေ့နေရတာ ပိုများလာတယ်။ ဒီတော့ ငါးဖမ်းကွက် လျော့သွားသလို ကျဉ်းမြောင်းသွားလို့ ငါးဖမ်းဆီးရရှိမှုကလည်း ကျဆင်းနေပါတယ်” ဟု ကျောက်ဖြူမြို့နယ်မှ ကမ်းဝေး ရေလုပ်ငန်းရှင် ဦးဖိုးထွန်းက ပြောသည်။

ကမ်းနီးလှေများထက် ကမ်းမှ ဆယ်မိုင်နှင့်အထက် မိုင်နှစ်ဆယ်ကျော်မှ မိုင်သုံးဆယ်ဝန်းကျင် အကွာအဝေးရှိ ရေပြင်ဧရိယာများအတွင်း သွားရောက် ဖမ်းဆီးလုပ်ကိုင်ရသည့် ကမ်းဝေးလှေများသည် ထိုကဲ့သို့ အဖြစ်အပျက်မျိုးကို ပိုမိုကြုံတွေ့ရလေ့ရှိကြောင်း ကျောက်ဖြူမြို့နယ် ပြင်ဖြူမော်ကျေးရွာမှ ကမ်းဝေးလှေပိုင်ရှင် ဦးခင်မောင်နုထံမှ သိရသည်။

“ကျောက်ဖြူ ကမ်းလွန်ပိုင်နက်ထိတော့ ဖြား (ဒီရေ)နဲ့ ဥတုရာသီလိုက်ပြီး တစ်လ၊နှစ်လနေလို့ တစ်ခေါက်လောက်ပဲ ဖမ်းဆီးမှုရှိပါတယ်။ ဒေသခံ ငါးဖမ်းလှေတွေကို ဟန့်တားတာတို့၊ ပိုက်ကွန်ကို ဖျက်ဆီးတာတို့က မကြားမိဘူး” ဟု ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာ(ဘင်္ဂါလီ)အုပ်စုမှ ကမ်းဝေး ငါးဖမ်းလှေပိုင်ရှင် ဦးစီးယော် က အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဆက်သွယ် မေးမြန်းမှုကို ဖြေကြားထားသည်။

ကျောက်ဖြူမြို့နယ်အတွင်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဒီဇင်ဘာလထိ ကမ်းဝေးစက်တပ်လှေ ကိုးဆယ်ကျော်၊ ကမ်းနီးစက်တပ်လှေ ၂၀၈ စီး၊ ကမ်းနီး စက်မဲ့လှေ ၄၈၂ စီးရှိကြောင်း ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment