ကေအိုင်အို ဗဟိုကော်မတီ အစည်းဝေး ဆုံးဖြတ်ချက်အရ ဗိုလ်ချုပ်ဂွန်မော် ကေအိုင်အို ဒုတိယ ဥက္ကဋ္ဌ ( ၂) ဖြစ်လာ


ကေအိုင်အို ကချင်လွတ်မြောက်ရေး အဖွဲ့ ဌာနချုပ် လိုင်ဇာတွင် ကျင်းပခဲ့သည့် ဗဟိုကော်မတီ အစည်းဝေး ဆုံးဖြတ်ချက်အရ အဖွဲ့၏ ဒုတိယ စစ်ဦးစီးချုပ်ရာထူးမှနေရာ ရွှေ့ပြောင်းခြင်း ( သို့မဟုတ် ) ရာထူးမှ ဖယ်ရှား ခံရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည့် ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ဂွန်မော်မှာ
ကေအိုင်အို၏ ဒုတိယ ဥက္ကဋ္ဌ ( ၂) အဆင့်သို့ ပြောင်းရွှေ့တာဝန်ယူရတော့မည် ဖြစ်ကြောင်း သိရသည်။

လိုင်ဇာတွင် (၅) ရက်ကြာ ကျင်းပခဲ့သည့် အစည်းဝေး ဆုံးဖြတ်ချက်အရ အသက်အရွယ် ကြီးမြင့်သောကြောင့် ဥက္ကဋ္ဌ ရာထူးမှ အနားယူတော့မည်ဟု သတင်းထွက်ခဲ့သည့် ကေအိုင်အို ဥက္ကဋ္ဌ ဦးဇောင်းဟရားမှာ ဥက္ကဋ္ဌ ရာထူးတွင် ဆက်ရှိနေမည် ဖြစ်ပြီး ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး အန်ဘန်လ ( UNFC တပ်ပေါင်းစု ဥက္ကဋ္ဌ ) မှာ ကေအိုင်အို ဗဟိုအလုပ်အမှုဆောင် များဖြင့် ဖွဲ့စည်းထားသော ကချင်လွတ်မြောက်ရေး ကောင်စီ KIC တွင် ဒုတိယ ဥက္ကဋ္ဌ အဖြစ်ပြောင်းရွှေ့ တာဝန်ယူရတော့မည် ဖြစ်သည်။

‘ရာထူးအပြောင်းရွှေ့က ဗိုလ်ချုပ်ဂွန်မော်က ဒုတိယ ဥက္ကဌ (၂) ဖြစ်သွားတယ် ။ သူက ဒုစစ်ဦးစီးချုပ် မဟုတ်တော့ဘူး။ စစ်ဦးစီးချုပ်က ဗိုလ်ချူပ်ကြီး ဂမ်ရှောင် ၊ ဥက္ကဋ္ဌလည်း မနားဘူး။ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ဒုတိယ ဥက္ကဋ္ဌ (၁)ကိုလည်း တွဲကိုင်မယ်။ ဗိုလ်ချုပ်ကြီး အန်ဘန်လက ကေအိုင်စီ ကောင်စီလိုင်းက ကေအိုင်စီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သွားမယ်’ ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG မှ ဦးဆန်အောင်က The Ladies News သို့ အတည်ပြု ပြောဆိုသည်။

အစည်းဝေး မတိုင်ခင် ၁၅ ရက်ခန့်အလိုက ကေအိုင်အို ဌာနချုပ် လိုင်ဇာတွင် ခေါင်းဆောင် အချင်းချင်း လုပ်ကြံမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ကောလဟာလများ ထွက်ပေါ်ခဲ့ဖူးသဖြင့် ကေအိုင်အို ဗဟိုကော်မတီ အစည်းဝေးမှာ လေ့လာသူများအကြား စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။

ယင်းအပြင် ကေအိုင်အို အဖွဲ့အတွင်း တရုတ်နှင့် ဆက်ဆံရေး ပြေလည်လိုသော အုပ်စုနှင့် တရုတ် အပြင် အနောက်နိုင်ငံများနှင့်ပါ ပြေလည်မှု ရရှိလိုသော အုပ်စုများ ကွဲနေသည်ဟူ၍လည်း သတင်းများ ထွက်ပေါ်ခဲ့သဖြင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု UNFC တွင် ဦးဆောင်သူအဖြစ် ရှိနေသည့် ကေအိုင်အို၏ ဗဟိုကော်မတီ အစည်းဝေးမှာ တိုင်းရင်းသားအရေး ဆောင်ရွက်နေသူများ အတွက် စောင့်ကြည့်ရန် ဖြစ်လာခဲ့သည်။

ယင်းအပြင် ကေအိုင်အို အဖွဲ့အနေဖြင့် ခေါင်းဆောင် အပြောင်းလဲများတွင် အာဏာသိမ်းခြင်းကဲ့သို့ ကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ဖူးသဖြင့် အစည်းဝေး ကျင်းပနေစဉ်အတွင်း ကချင်ပြည်သူများ အကြားတွင်လည်း စိုးရွှဲ့မှုအချို့
ရှိခဲ့ဖူးသည်။

ကျင်းပခဲ့သည့် အစည်းဝေးတွင် ဗိုလ်ချုပ်ဂွန်မော်၏ ယခင်ရာထူးဖြစ်သော ဒုတိယ စစ်ဦးစီးချုပ် နေရာတွင် အစားထိုး ခန့်အပ်ခဲ့သူနှစ်ဦးမှာ အဆိုပါ ရာထူးတွင်ပင် ဆက်ရှိနေမည် ဖြစ်သည်။

သဘောကတော့ ဗိုလ်ချုပ်ဂွန်မော်ကို တပ်ဘက်ကနေ ပါတီဘက်ကို ရွှေ့လိုက်တဲ့ သဘောပဲ ဟု နိုင်ငံရေး လေ့လာသူ ကိုကျော်လင်းဦးက သုံးသပ်သည်။

လိုင်ဇာတွင် ၅ ရက်ကြာ ကျင်းပခဲ့သည့် အဆိုပါ အစည်းဝေးမှ နိုင်ငံရေးဆွေးနွေးပွဲနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းရန် သဘောတူခဲ့ပြီး ယင်းကော်မတီအတွက် အကြံပေးတစ်ဖွဲ့ ဖွဲ့စည်းရန် ပါ သဘောတူခဲ့သည်။

နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ် ရေးထိုးရာတွင်လည်း အားလုံးပါဝင်မှ လက်မှတ်ရေးထိုးမည် ဟူသည့် မူဝါဒကို ဆက်လက် ထားရှိရန် သဘောတူထားကြောင်းလည်း ဦးဆန်အောင်က ပြောသည်။

The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment