နယ်မှာ ရှိုးသွားဆိုတဲ့အခါ ကိုယ့်သီချင်းနဲ့ကိုယ်ဖြစ်ချင်လို့ အခွေထုတ်ခဲ့တာပါဆိုတဲ့ နန်းခင်ဇေယျာ


Nonstop ဆိုတဲ့ တစ်ကိုယ်တော် အခွေလေး ထွက်ပြီးကတည်းက နယ်ရှိုးတွေ ပိုထွက်ဖြစ်နေတဲ့ နန်းခင်ဇေယျာကို သူမရဲ့ ထွက်ရှိထားတဲ့ အခွေအကြောင်း ၊ နယ်ပရိသတ်အခြေအနေနဲ့ ရုပ်ရှင်နဲ့အဆိုတော်ဘယ်ဖက်ကို ပိုမိုအားထည့်ပြီး ကြိုးစားသွားမယ်ဆိုတဲ့ အကြောင်းကို မေးမြန်းဖြစ်တဲ့အခါ "အရှေ့မှာ နန်းခင် လွိုင်ကော်၊ ပျော်ဖွယ်နဲ့ ပြည်မှာ သီချင်းဆိုခဲ့တယ်။ အခွေထွက်ပြီးကတည်းက နယ်ရှိုးလေးတွေ ပိုပြီး လက်ခံဖြစ်ခဲ့တယ်ပေါ့။ အခွေအခြေအနေကလဲ ကောင်းပါတယ်။ နယ်ဖက်ကလဲ အော်ဒါတွေ တက်တယ်။ ပြီးတော့ FM ကလဲ ပရိသတ်တွေတောင်းကြတယ်။ နောက်ပြီး နန်းခင်ရဲ့ သီချင်းလေးတွေက ပရိသတ် ခံစားချက်နဲ့ထပ်တူကျတယ် လို့သိရလို့ ပျော်ရွှင်မိပါတယ်။" လို့ သူမက ပြောပါတယ်။
အခွေလေးကို လုပ်ဖြစ်ခဲ့တဲ့အကြောင်းကိုတော့ သူမက "နန်းခင် ပရိသတ်ကို ၂၀၁၅ ခုနှစ်အကုန်မှာ လက်ဆောင်ပေးချင်တာလဲ ပါတယ်။ နန်းခင်ရဲ့ အသံကို ပရိသတ်တွေကို နားထောင်စေချင်တာလဲ ပါတယ်။ နောက်တစ်ချို့ ပရိသတ်တွေကလဲ နန်းခင်ရဲ့ အသံကို နားထောင်ချင်ကြတယ်လို့ပြောကြလို့ အခွေလေး လုပ်ဖြစ်ခဲ့တာပါ။ ပရိသတ်နဲ့အပေးအယူတည့်ခဲ့တဲ့ သီချင်းဆိုရင် nonstop သီချင်းရှိမယ်။ နောက်ဝေးသွားမှ ရှိမယ်။ နှစ်ကိုယ့်တစ်စိတ်ရယ်၊ အိမ်ပြန်ချိန် ရွာလိုက်ပါမိုးရယ်။ အဲ့ဒီသီချင်းလေးတွေကိုတော့ ပရိသတ်တွေကြိုက်ကြပါတယ်"တဲ့။
ဂီတဖက်နဲ့သရုပ်ဆောင်ဖက် နှစ်ခုမှာ အားထည့်ပြီးလုပ်သွားမယ့်အကြောင်း ခုလို သူမက ပြောပြသွားပါသေးတယ်။  "နန်းခင် ကားလဲရိုက်မှာပါ။ ၂လပိုင်းနဲ့၃လပိုင်းကျရင် ဗီဒီယိုတွေ ပြန်ရိုက်မယ်။ ပြောထားတာတွေ ရှိပါတယ်။ သီချင်းကတော့ နန်းခင် ရှုတင်မရှိတဲ့ အချိန်လေးတွေမှာ နယ်ရှိုးလေးတွေ ထွက်ဖြစ်မယ်။ နယ်ပရိသတ်တွေကလဲ နန်းခင်နဲ့က မစိမ်းဘူးလေ။ အခွေမထွက်ခင်ကတည်းက နန်းခင် နယ်ရှိုးတွေဆိုဖူးတယ်။ သူတို့ကလဲ ဖိတ်ကြတဲ့ အခါကျတော့ နန်းခင်သွားခဲ့တယ်။ နယ်ရှိုးတွေ လက်ခံဖြစ်တာကြောင့်လဲ အခွေလေးကိုလုပ်ဖြစ်တာပါ။ ဘာလို့လဲဆိုတော့ နယ်မှာ ရှိုးဆိုတဲ့အခါ ကိုယ့်သီချင်းနဲ့ကိုယ်ဖြစ်ချင်လို့ပါ။" လို့ ဆိုတဲ့အပြင်  နိုင်ငံခြား ခရီးစဉ်များနဲ့ပတ်သက်ပြီး တော့လည်း "နန်းခင် ရှေ့တစ်ပတ်လောက်ကမှ ဟောင်ကောင်ကပြန်လာတာပါ။ သူငယ်ချင်းတွေနဲ့အပျော်အလည်ပဲ သွားတာပါ။ ၅ ရက်လောက်ပဲ ကြာခဲ့တယ်။ အဓိကကတော့ လည်ပတ်တယ်။ သူတို့မှာရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်လေးတွေ၊ သူတို့ရဲ့ Culture တွေလေ့လာတယ်။ အဲ့ဒီမှာသွားရင်းပြန်ခါနီး သွန်းဆက်နဲ့တောင်လေဆိပ်မှာ ဆုံခဲ့သေးတယ်။၂၀၁၆ ထဲမှာတော့ ဘန်ကောက်ကတော့ သေချာတယ်။ ကျန်တာကတော့ အတိအကျ မသိသေးပါဘူး။ ပရဟိတအပိုင်းနဲ့ပတ်သက်ပြီးတော့လဲ Myanmar Charity Group နဲ့ပူးပေါင်းပြီး ပရဟိတတွေလဲ ဆက်လက်လုပ်ကိုင်သွားဖို့ရှိပါတယ်။ လို့ပြောပြခဲ့ပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment