ရဲရင့်အောင်ရဲ့ အမ်တီဗီမှာ ပါဝင်သရုပ်ဆောင်ဖို့ရှိတယ်လို့ ဖွင့်ဟလာတဲ့ သဉ္ဖာနွယ်ဝင်း





၂၀၁၆ ချစ်သူများနေ့မှာ ထူးထူးခြားခြားအနေနဲ့ လက်ဆောင်ပေးဖို့ရှိတယ်လို့ပြောလာတဲ့ သဉ္ဖာနွယ်ဝင်းကို လက်ရှိထွက်ထားတဲ့ ဇာတ်ကားများအကြောင်း၊ ၂၀၁၆ အစီအစဉ်များ အကြောင်းနဲ့ ၂၀၁၅ ကိုဖြတ်သန်းခဲ့တဲ့ စိတ်ကျေနပ်မှုများအကြောင်းကို မေးမြန်းဖြစ်ခဲ့သလို လက်ရှိ မကြာခင်မှာကျရောက်မဲ့ ချစ်သူများနေ့နဲ့ပတ်သက်ပြီး သူမက
"သဉ္ဖာဒီနှစ်တော့ ကားရိုက်နဲ့ပဲ ဖြတ်သန်းဖြစ်မယ်ထင်ပါတယ်။ အရင်နှစ်တွေကလဲ အိမ်မှာနေရင်နေ၊ မနေရင် ရှုတင်မှာပါပဲ။ ချစ်သူများနေ့မှာ အမြဲတမ်းလက်ဆောင်တွေကတော့ ရပါတယ်။ ကိုယ့်ကိုချစ်တဲ့သူ ဘယ်သူမဆို ကိုယ့်ပရိသတ်တွေ၊ ကိုယ့်မိသားစုတွေ၊ကိုယ့်သူငယ်ချင်းတွေက လက်ဆောင်လေးတွေပေးကြတယ်။ လက်ဆောင်ကတော့ အမြဲတမ်းလဲ ရဖူးတယ်။ ကိုယ်ကိုတိုင်လဲပေးဖူးပါတယ်။ ဒီနှစ်လဲ ထူးထူးခြားခြားအနေနဲ့ လက်ဆောင်ပေးဖို့ ရှိတယ်။ ဒါပေမဲ့ လိုသေးတော့ ဘယ်ဟာပေးရမလဲဆိုတာကို စဉ်းစားနေတုန်းပါ"တဲ့။
ထွက်ရှိထားတဲ့ ဇာတ်ကားများနဲ့ပတ်သက်ပြီး တော့လဲ "အခု ဦးနှောက်နဲ့လုပ်စားမယ်ဆိုတဲ့ကားလေး ပရိသတ်တော်တော် များများပြောကြတယ်။ ရယ်ရတယ်။ ကောင်းတယ်ပေါ့။ သဉ္ဖာ့ရဲ့ သရုပ်ဆောင်မှုလေးတွေကို ပရိသတ်တော်တော်များများ ရယ်ရတယ်ဆိုပြီး ကြိုက်ကြတယ်။ သဉ္ဖာကိုယ်တိုင်လဲ အဲ့ဒီကားလေးကို သဘောကျတယ်။ တော်ကီလေးတွေကရယ်ရတယ်လေ။ ကောင်မလေးက လွတ်လွတ်လပ်လပ်နဲ့ကောင်းမွန်ပြည့်စုံတဲ့ ဘ၀ကကြီးပြင်း လာတာဆိုတော့ သူလိုချင်တာအရမ်းများတယ်။ အဲ့ဒီကာရိုက်တာလေးကိုရိုက်ရတာသဘောကျတယ်။ ပရိသတ်တွေကြိုက်ကြတယ်လို့ပြောကြတော့ သဉ္ဖာကိုယ်တိုင်လဲ အတိုင်းမသိပျော်ရွှင်မိ ပါတယ်။"လို့ သူမက ပြောပါတယ်။
 ၂၀၁၆ ထဲမှာပြောင်းလဲသွားမဲ့အရာများနဲ့ပတ်သက်ပြီး သူမ ပြောပြပေးသွားကတော့ "သဉ္ဖာစပြီး ဗီဒီယိုရိုက်ခဲ့ကတည်းက ၂၀၁၅ လောက်ထိသဉ္ဖာကားတွေထွက်ရင် ဒရာမာတွေများတယ်။ အခု ၂၀၁၆ မှာဟာသတွေတော်တော်များများထွက်ဖို့ရှိတယ်။ ကားကြီးရော၊ ဗီဒီယိုရောမှာ ဟာသတွေထွက်ဖို့ရှိမယ်။ ညီမအတွက်က နှစ်ခုစလုံးကတော့ ခက်တာပါပဲ အစ်မ။ နှစ်ခုစလုံးကတော့ကြိုးစားရတာပါပဲ။ ဒါပေမဲ့ အခုနောက်ပိုင်း ဇာတ်တွေလာပေးတဲ့အခါကျရင်တော့ ကိုယ်လုပ်ကွက်ရတဲ့ဇာတ်လေးရယ်။ ကိုယ်လဲမလုပ်ဖူးတဲ့ဇာတ်လေးတွေရယ်ဆိုရင်တော့ လက်ခံဖြစ်မှာပါ။"လို့ ဆိုပါတယ်။
သူမဟာ လက်ရှိမှာ ဒါရိုက်တာ ကြည်ဖြူသျှင်ရိုက်ကူးတဲ့ ချိန်းဆိုတဲ့ ဇာတ်ကားကို အောင်ရဲလင်းနဲ့တွဲဖက်သရုပ်ဆောင်နေပြီး ရဲရင့်အောင်ရဲ့ အမ်တီဗီမှာလဲ ပါဝင်သရုပ်ဆောင်ဖို့ရှိကြောင်းပြောပြပေးခဲ့ပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment