တံခွန်တိုင်၊ ယန္တရားရပ်ကွက်တွင် မီးလောင် မီးသတ်အရန်တပ်ဖွဲ့ဝင်တစ်ဦး ကားပေါ်မှပြုတ်ကျ


မန္တလေး ဇန်နဝါရီ ၂၆

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်-ယန္တရားရပ်ကွက် အမှတ် ၃ လမ်းနှင့် ၂ လမ်းအကြားတွင် ဇန်နဝါရီ ၂၆ ရက် နံနက် ၁ဝ နာရီခွဲ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်ကားပေါ်မှ အရန်မီးသတ် တပ်ဖွဲ့ဝင်တစ်ဦး ကားပေါ်မှ ပြုတ်ကျ ခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီး သို့ ပို့ပေးခဲ့ရကြောင်း တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ သိရသည်။

မီးငြှိမ်းသတ်ရန် အရေးပေါ် ရောက်ရှိလာစဉ် ရပ်ကွက်အဝင် သွယ်တန်းထားသည့်ဝါယာကြိုးနှင့် ထိခိုက်မိကာ မီးသတ်ယာဉ်ပေါ်မှ ပြုတ်ကျခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင် ပေးခဲ့ပြီး ဦးနှောက်နှင့် အာရုံကြော ဌာနတွင် တက်ရောက်ကုသမှု ခံယူ နေရသည်ဟုဆိုသည်။

''ရပ်ကွက်တွေမှာ နေအိမ်တွေမှာ သွယ်တန်းထားတဲ့ ဝါယာကြိုးတွေရှိ တယ်။ အရေးပေါ်မောင်းလာတာဆို တော့ မီးကို အာရုံစိုက်နေရလို့ မမြင်လိုက်ရာက ခုလိုဖြစ်သွားတာ။ ဓါတ်မှန်တွေရိုက်ပြီးမှ ဘာဖြစ်တယ် ဆိုတာသိမယ်''ဟု မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးလောင်မှုဖြစ်စဉ်မှာ ၄င်းရပ်ကွက် နေဒေါ်ခင်အုန်းမြင့်နေအိမ်မီးဖိုချောင်တွင် ဂက်စ်အိုးမှ စတင်လောင်ကျွမ်းခဲ့ ခြင်းဖြစ်ပြီး နေအိမ် ခြောက်လုံး၊ မီးလောင်ကျွမ်းခံရပြီး မီးစတင် လောင်ကျွမ်း ချိန်မှ နာရီဝက်ခန့် အကြာတွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

''ပေါက်ကွဲတဲ့ အသံကြားလိုက်တယ်။ ခဏအကြာမှာ မီးလောင်တာ သိပြီး မီးသတ်ဖုန်းနံပါတ်မသိတော့ သူများတွေကို ဖုန်းဆက်ခိုင်းတယ်'' ဟု ၄င်းရပ်ကွက်တွင်နေထိုင်သူ တစ်ဦးကပြောသည်။

အဆိုပါရပ်ကွက်နေအိမ်များမှာ ထရံကာအိမ်အများဆုံးဖြစ်၍ ရေနံ ချေးသုတ်ထားသည့် အိမ်များလည်းရှိ သဖြင့်မီးလောင်ရန်လွယ်ကူကြောင်း၊ မိနစ်ပိုင်းအတွင်း အခြားအိမ်များသို့ကူးစက်လောင်ကျွမ်းခဲ့ရာ (ပ)၄၁/ ၂ဝ၁၆၊ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်ထားကြောင်း သိရသည်။

အောင်သန့်ခိုင်
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment