မမှတ်မိတော့လောက်အောင် ဒီဇိုင်း ပြောင်းလဲသွားတဲ့ Gun N' Roses တီးဝိုင်းရဲ့  ဂစ်တာသမား Slash




ကမ္ဘာကျော် Gun N' Roses ရော့ခ်တီးဝိုင်းရဲ့  ဂစ်တာသမား Slash ဟာ သူ စင်ပေါ်မှာ ဖျော်ဖြေခဲ့စဉ်က အချိန်ကာလ က အသွင်အပြင်နဲ့ လုံးဝမတူတော့တဲ့ အနေအထားနဲ့ လော့အိန်ဂျလိစ်ကို ရောက်လာခဲ့ပါတယ်။ 
အသက် ၅၀ အရွယ်ရှိနေပြီဖြစ်တဲ့ ရော့ခ်ကာကြီး Slash ဟာ လော့အိန်ဂျလိစ် လေဆိပ်ကနေ ထွက်လာတဲ့အခါမှာ လယ်သာ ဂျက်ကက်ကို ပခုံးတစ်ဖက်မှာ တင်ထားပြီး အိတ်တစ်လုံးကို လွယ်ထားကာ ဘေ့စ်ဘော ဦးထုပ်တစ်လုံးကိုလည်း နောက်ပြန်ဆောင်းထားတာ တွေ့ရပါတယ်။ အရင်တုန်းက ဖွာလန်ကျဲ ဆံပင်ကောက်ကောက်ကိုလည်း စည်းထားပြီး ဦးထုပ်နဲ့ ကွယ်ထားတာကို တွေ့ရပါတယ်။ 
မမှတ်မိတော့လောက်အောင် ရုပ်ပိုင်းဆိုင်ရာ အရရော ၊ ဒီဇိုင်းပိုင်းအရပါ ပြောင်းလဲသွားတဲ့ Slash ကို တစ်ချို့ ကတော့ သူ့ရဲ့ အမှတ်အသားဖြစ်တဲ့ မျက်လှည့်ဆရာ ဦးထုပ်ကို ဘေ့စ်ဘော ဦးထုပ်နဲ့ အစားထိုးပြောင်းလဲ လိုက်တာလားလို့ မေးခွန်းထုတ်နေကြပါတယ်။   
လက်ရှိမှာတော့ Gun N' Roses အဖွဲ့ဟာ ပြန်လည်ပေါင်းစည်းနေကြပြီး ဧပြီလထဲ တီမိုဘိုင်းလ် ကပွဲရုံမှာ ကျင်းပမယ့် Coachella ရှိုးပွဲအတွက် လည်း လက်ရှိမှာ အကြိုလေ့ကျင့်တဲ့အနေနဲ့ လတ်စ်ဗီးဂတ်စ်မှာ ရှိုးပွဲ ၂ ပွဲကို ဖျော်ဖြေခဲ့ကြပြီးပါပြီ။ အခုလို တီးဝိုင်း ပြန်လည် ပေါင်းစည်းခြင်းနဲ့ ပတ်သက်ပြီးတော့လည်း Gun N' Roses တီးဝိုင်းရဲ့  ဘေ့စ် ဂစ်တာသမား Tommy Stinson က ဒါဟာ သူတို့ရဲ့  တီးဝိုင်းကို ပြန်လည် ဆေးကုသ ခြင်းပဲ ဖြစ်တယ် လို့ ဆိုထားပါသေးတယ်။ 
Ref:mirror.co.uk
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment