Justin Bieber နဲ့ Hailey Baldwin ကသူငယ်ချင်းတွေပါလို့ ပြောလိုက်တဲ့ Hailey ရဲ့ ဖခင်


အားလုံးသိကြတဲ့အတိုင်း Justin Bieber နဲ့ Hailey Baldwin တို့နှစ်ဦးဟာ တွဲခုတ်တဲ့ပုံတွေ ထွက်လာကြပေမယ့် တွဲနေသလား ဆိုတာကိုတော့ ဘယ်တုန်းကမှ အတည်မပြုခဲ့ကြပါဘူး။ ကံကောင်းစွာနဲ့ TMZ မီဒီယာကနေ Hailey Baldwin ရဲ့ဖခင် Stephen Baldwin နဲ့ LAX မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တွေ့ဆုံပြီး သူ့သမီးရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး မေးမြန်းတာတွေ လုပ်ခဲ့ပါတယ်။
အဲ့ဒါနဲ့ ပတ်သက်ပြီး Stephen ကတော့ "သူတို့နှစ်ဦးကို အားလုံးက ဒိတ်နေကြတယ် ထင်ပေမယ့် သူတို့က ခုချိန်ထိ သူငယ်ချင်းတွေပါပဲ။ သူတို့ဆက်ဆံရေးကိုလည်း ဘာမှခေါင်းစဉ်တပ်လို့ မရသေးပါဘူး။ မစ္စတာ Bieber ဟာ အောင်မြင်မှုတွေနဲ့ တကယ်ကိုတော်ပြီး ထက်မြက်တဲ့လူငယ် တစ်ယောက်ပါ။ ဒါပေမယ့် ဒိတ်လုပ်နေကြတယ်ဆိုတာကတော့ မဟုတ်ပါဘူး။"လို့ ပြောပြသွားပါတယ်။
ဒါ့အပြင် သူက ဆက်ပြီး သူတို့နှစ်ဦးဟာ ဒိတ်တောင် မလုပ်သေးတဲ့အတွက် လက်ထပ်ဖို့ဆိုတာ အဝေးကြီးဖြစ်ကြောင်း ပြောပြသွားတဲ့အပြင် အသက် ၁၉နှစ်သာရှိသေးတဲ့ သူ့သမီးရဲ့ ဆုံးဖြတ်နိုင်စွမ်း၊ ဗဟုသုတ ပြည့်စုံမှု ၊ အချစ်ရေး စတာတွေကို ယုံကြည်မှုရှိကြောင်း ထပ်လောင်း ဖွင့်ဟသွားပါသေးတယ်။

Ref:cosmopolitan
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment