ကရင်ပြည်အတွင်း သွားလာမှုမလုပ်ဖို့ မြန်မာတပ်ကို ကရင်သတိပေးထား


ကရင်ပြည်နယ်အတွင်း ​မြန်မာ ​စစ်တပ်တွေ ​အရေးမကြီးရင် ​အသွားအလာ မလုပ်ဖို့ ​ကရင်အမျိုးသား ​လွတ်မြောက်ရေး တပ်က ​ထုတ်ပြန် ကြေညာချက် တစ်စောင်မှာ ​ဖော်ပြ လိုက်ပါတယ်။

ကရင်ပြည်နယ်ထဲ ​မြန်မာ စစ်တပ်သားတွေ ​ယူနီဖောင်း ​ဝတ်စုံတွေအပြင် ​စစ်လက်နက်တွေနဲ့ ​သွားလာတာတွေက ​ပြည်သူတွေကို ​ထိပ်လန့်စေတဲ့ အတွက် ​အသွားအလာ မလုပ်ကြဖို့ ​ပါရှိပါတယ်။

အရေးကြီးကိစ္စနဲ့ ​သွားလာရမယ်ဆိုရင်လည်း ​သက်ဆိုင်ရာ ​ရုံးတွေ၊ ​ဗျူဟာမှူး ​ဗိုလ်မှူးကြီး ​တိုက်ဂါးဆီးကို ​ကြိုတင်အကြောင်းကြားပြီး ​ယဉ်တန်း ​သွားလာမယ်ဆိုရင်လည်း ​ယာဉ်အမျိုးအစား၊ ​အရေးအတွက်နဲ့ ​ဘယ်နေရာ ​သွားမလဲ ​ဆိုတာတွေကို ​ကြိုတင်အကြောင်းကြားရမယ်လို့ ​ပါရှိပါတယ်။

ပြီးခဲ့တဲ့ ​စနေတုန်းကလည်း ​ထိုင်းယာဉ်တန်းတွေကို ​ကရင်အမျိုးသားတပ်က ​ဗျူဟာမှူး ​ဗိုလ်မှူးကြီး ​တိုက်ဂါးဦးဆောင်ပြီး ​ မြန်မာနိုင်ငံဘက်ကို ​အရောက်မှာ ​ကားတွေကို ​တားဆီးမှုတွေ ​လုပ်ခဲ့ပါတယ်။

အဲဒီလို ​လုပ်ရတဲ့အကြောင်းရင်းကတော့ ​ထိုင်းနိုင်ငံမှာ ​တရားဝင် ​အလုပ်လုပ်ခွင့်ရှိသူတွေ၊ ​နေထိုင်သူတွေကို ​ထိုင်းရဲတွေက ​မကြာခဏ ​ငွေကြေးတောင်းခံပြီး ​အနိုင်ကျင့်မှုတွေ ​လုပ်နေတာကို ​ရပ်တန့်ဖို့အတွက် ​ဖြစ်တယ်လို့ ​ပြောပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​မြန်မာအစိုးရနဲ့ ​ထိုင်းတာဝန်ရှိသူတွေက ​မယ်မယ်ရရ ​အဖြေတွေ ​ထွက်လာအောင် ​မလုပ်နိုင်ခဲ့တဲ့အပေါ်မှာလည်း ​ကရင်အမျိုးသားတပ်က ​ဗျူဟာမှူး ​ဗိုလ်မှူးကြီး ​တိုက်ဂါးက ​စိတ်ပျက်ကြောင်း ​ပြောခဲ့ပါတယ်။

တိုးတက်မှု ​မရှိရင်တော့ ​ဒီကနေ့ ​စက်တင်ဘာလ ​၁၈ ​ရက်နေ့မှာ ​ပြင်းထန်တဲ့ ​တုန့်ပြန်မှုမျိုး ​ကြုံရနိုင်တယ်လို့လည်း ​ပြောဆိုထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-18/1369691
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment