ကျ ဉ်းမြောင်းတဲ့အယူအဆတွေ ဘေးဖယ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အချိန်ဖြစ်ကြောင်း ဘန်ကီမွန်း ပြောကြား


မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးနဲ့ လူမှုရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးတွေမှာ တိုးတက်မှုတွေ တွေ့မြင်လာရပေမယ့် တချိန်ထဲမှာလည်း ၂ဝ၁၅ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ အရေးကြီးတဲ့ အခက်ခဲတွေကို ရင်ဆိုင်နေရဆဲလို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ ကာလအတွင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ စက်တင်ဘာ ၂၆ ရက် သောကြာနေ့ ညနေပိုင်းကကျင်းပတဲ့ မြန်မာ့အရေး လုပ်ဖော်ကိုင်ဖက်နိုင်ငံများ အဖွဲ့တွေ့ဆုံဆွေးနွေးပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

အခုချိန်ဟာ မြန်မာနိုင်ငံအနေနဲ့ ကျဉ်းမြောင်းတဲ့ အယူအဆသဘောတရားတွေကို ကျော်လွန်ပြီး ပူးပေါင်း ဆောင်ရွက်ရေးလုပ်ဆောင်ရမယ့် အချိန်ကာလဖြစ်ကြောင်း၊ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံ မှာ ငြိမ်းချမ်းရေးရဖို့ အပြုသဘောအခန်းကဏ္ဍကနေ ဆက်လက်ပါဝင်သွားမှာ ဖြစ်ကြောင်းလည်း မစ္စတာဘန်ကီမွန်းက ပြောပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် အရေးကြီးတဲ့ အပြောင်းအလဲခြေလှမ်းဖြစ်ကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးတွေ ဖြစ်ပေါ် လာရေး၊ အမုန်းတရားပွားစေတဲ့ ပြောဆိုရေးသားချက်တွေ ထိန်းချုပ်နိုင်ဖို့ အပါအဝင် တိုင်းပြည် ဖွံ့ဖြိုးရေး ကိစ္စရပ်တွေကို ဆုံးဖြတ်ရာမှာ လွှတ်တော်အနေနဲ့ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားပါတယ်။

မြန်မာအစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေ ကျင်းပနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အာဏာခွဲဝေရေး၊ တန်းတူမျှမှု ဒီမိုကရေစီစနစ်နဲ့ ကိုယ့်ကံကြမ္မာဖန်တီးခွင့်စတာတွေ အခြေခံတဲ့ ဖယ်ဒရယ်စနစ် တည်ဆောက်ရေး စတာတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးနေကြတာဟာ စည်းလုံးညီညွတ်တဲ့ မြန်မာနိုင်ငံဖြစ်ပေါ်လာရေး အစိုးရအနေနဲ့ အလေးနက်ထားနေတာ ထင်ရှားကြောင်းလည်း မစ္စတာဘန်ကီမွန်းက ပြောပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment