သင့်ချစ်သူအမျိုးသမီးနဲ့ ဒီ့ထက်ပို နားလည်မှုရဖို့ဆိုရင်


သင့်အမျိုးသမီး သင့်ကို ရှောင်ဖယ်ရှောင်ဖယ် ဖြစ်နေရတဲ့ လျို့ဝှက်ချက်ကို မသိမချင်း သင်ဟာ ယောက်ျားအစစ်မဟုတ်သေးပါဘူး။ အမျိုးသမီးတွေက သူတို့ရဲ့ချစ်သူယောက်ျားတွေကို ရှောင်ဖယ်နေတဲ့အကြောင်း အရင်းတွေ ရှိပါတယ်။ ခေတ်အဆက်ဆက်က မရေမတွက်နိုင်တဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့စိတ်အနှောက်အယှက်ဖြစ်စေတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြတတ်ကြပါတယ်တဲ့။ ယုံချင်ယုံမယုံချင်နေ ကျွန်တော်တို့အားလုံးမှာ လျို့ဝှက်ချက်ငါးခုစီရှိကြတယ်။ အကြောင်းက မလုံမခြုံဖြစ်တဲ့ အသွင်အပြင်ကို မသိသာစေအောင်ပေါ့။ သင့်လက်တွဲဖော်နဲ့ ပတ်သက်လို့ သိုသိပ်ထားလေ့ရှိတဲ့ ဒီကြောင်းအရာလေးကို ထပ်ဆင့်ဝေမျှဖို့ အားပေးချင်ပါတယ်။ သူ့ကို ပညာပေးရုံတင်မကပါဘူး။ သင့်လက်တွဲဖော်နဲ့ ဆက်ဆံရေးအခြေအနေကိုလည်း ပိုမိုပွင့်လင်းတဲ့အနေအထားဖြစ်စေမှာပါ။
(၁) ကျွန်တော်တို့က ကိုယ့်ချစ်သူဟောင်းနဲ့ ပတ်သက်ခဲ့တဲ့ အတိတ်က ဖြစ်ကြောင်းကုန်စင်ကို ပြန်မကြားချင်ကြဘူး။ ထမင်းစားဝိုင်းမှာ ကိုယ့်အမျိုးသမီးနဲ့ မျက်နှာချင်းဆိုင် တပျော်တပါး ထိုင်နေတဲ့အချိန်မှာ သင့်အရင် ချစ်သူဟောင်းအကြောင်း အနည်းအကျဉ်းသာ ပြောစေချင်ကြတယ်။ ပြောဖြစ်ရင်လည်း ထမင်းဟင်းတွေတောင် မအေးသေးဘူး။ သူ့မအကြောင်းစကားကို အဆုံးသတ်လိုက်ကြတယ်။ ရိုးရိုးသားသားပြောရရင် တခြားအကြောင်းအရာ တစ်ခုခုပြောရတာ ပိုသဘောကျကြတယ်။ ဒါကြောင့်လည်း အမျိုးသမီးတစ်ဦးဦးနဲ့ ကိုယ့်အချစ်ဟောင်းအကြောင်း စကားလက်စုံ ကျလာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ထွက်ပြေးချင်ကြတယ်။
(၂) ကိုယ့်ကိုကြည့်လို့လှတယ်ဆိုတဲ့ စကားမျိုးကိုတော့ ကြားချင်ကြတယ်။ လိုရင်းက လူတစ်ယောက်ကိုကြည့်ပြီး အမှန်အတိုင်း တည့်မပြောချလိုက်ပါနဲ့။ ကိုယ့်အကြောင်း အမှန်အတိုင်း သိထားကြရတောင် ကိုယ်က ကြည့်လို့မလှဘူးဆိုတဲ့ စကားမျိုးကိုတော့ ဘယ်သူကမှ မကြားချင်ကြဘူးလေ။
(၃) အမျိုးသမီးတစ်ယောက်အကြောင်း ပြောဆိုနေပြီဆိုရင် ကိုယ်စိတ်ဝင်စားနေကြောင်း သူ ရိပ်မိနေတာ သတိထားမိတတ်ပေမဲ့ မနက်ခင်း သူမ ဝတ်ဆင်ရမယ့် အဝတ်အစားတစ်စုံ ရွေးချယ်ပေးဖို့တော့ ပျင်းရိနေတတ်ကြတယ်။ အဲဒီအချက်တော့ သိပ်မမိုက်ဘူးပေါ့။
(၄) ကျွန်တော်တို့ပြောလိုက်တဲ့စကားတွေ အသေးစိတ်ထိ မှတ်မိနေစေချင်ကြတယ်။
(၅) သူငယ်ချင်းတွေရဲ့အကြောင်းကိုတော့ မေးမြန်းနိုင်တယ်။ ဒါပေမဲ့ တစ်ယောက်ချင်းစီအကြောင်းကို အချိန်အကန့်အသတ် ဘယ်လောက်နဲ့ မေးမြန်းမလဲဆိုတာ အထူးဂရုပြုသင့်တယ်။
Source: vibenigeria
Victor.PaaTung
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment