(လန်ဒန်၊ စက်တင်ဘာ ၂၂)
အင်္ဂလန်နိုင်ငံ တွင် ပင်စင်စား အမျိုးသမီး တစ်ဦးသည် ၄င်း၏ ခြံထဲ၌ ဖြစ်ထွန်းနေ သည့် ထူးဆန်းသော အပင်များ အမျိုးအမည် ဖော်ပေးရန် ဘီဘီစီ ရေဒီယို သတင်း ဌာန သို့ အကူအညီ တောင်းရာမှ ယင်းမှာ ဆေးခြောက်ပင် ဖြစ်နေကြောင်း တွေ့ရှိခဲ့ရသည်။ ပတ်ထရစ်ရှာဟတ် ဝပ်ဆင် ဆိုသူ၏ စိုက်ပျိုးခြံ အတွင်း ၌ ဆေးခြောက် ပင် ပေါက်ရောက်နေခြင်း ဖြစ်သော်လည်း အမျိုးအမည် မဖော်နိုင်သောကြောင့် ရေဒီ ယိုဌာန သို့ အကူအညီ တောင်းခဲ့ခြင်းဖြစ်သည်။
ဆေးခြောက်ပင်အား လိုင်စင်မရှိဘဲ စိုက်ပျိုးခြင်းမှာ တရား မဝင်သော်လည်း လက်ရှိ အခြေ အနေမှာ မလွှဲမရှောင်သာ ဖြစ်ခြင်းကြောင့် အရေး မယူကြောင်း ရဲတပ်ဖွဲ့ဝင် များက အတည်ပြု ပြောကြားခဲ့သည်။ သို့ရာတွင် အဆိုပါ အပင်အား ခုတ်ထွင် ရှင်းလင်းရန် ရဲတပ်ဖွဲ့ဝင် များက ညွှန်ကြား ထား သည်။
TW
Ref: abc
Source:popularmyanmar.com

0 comments:
Post a Comment