ဆူရှီကြိုက်လွန်း၍ တုပ်ပြားကောင်များ ခန္ဓာကိုယ်အနှံ့ အတွယ်ခံရသူ


ဆူရှီဆိုသည်မှာ ကမ္ဘာကျော် ဂျပန်ရိုးရာ အစားအစာ တစ်မျိုးဖြစ်ပြီး အသားစိမ်း၊ ငါးစိမ်းများဖြင့် ပြုလုပ်ထားသည့် ယင်း အစားအစာကို ကမ္ဘာတစ်ဝှမ်း ကြိုက်နှစ် သက်သူ များပြားလှသည်။ အမေရိကန် သမ္မတ အိုဘားမားပင် ဂျပန်နိုင်ငံသို့ သွားရောက် လည်ပတ်စဉ်က တခုတ်တရ သွားရောက် စားသုံးခဲ့ရသည့် အစားအစာ တစ်မျိုး ဖြစ်သည်။
ခန္ဓ္ဓာကိုယ်အတွင်း စွဲကပ်နေသည့် တုပ်ကောင်များကို ဓာတ်မှန်ရိုက်ချက်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - Daily Mail

သို့ သော် ယင်းကဲ့သို့ လူကြိုက်များလှသည့် အစားအစာ အနေဖြင့် အသားစိမ်းများ ထည့်သွင်းပြုလုပ်ရသည့် ယင်း၏ ထုံးစံကြောင့် လူအများ၏ ကျန်းမာရေး အတွက် သတိထားစရာ ဖြစ်လာခဲ့ရပြီ ဖြစ်သည်။ တရုတ်နိုင်ငံတွင် ဆူရှီကို အလွန်နှစ်ကြိုက်သူ အမျိုးသား တစ်ဦးသည် ဆာရှီမီဟု ခေါ်သည့် ငါးအစိမ်းများ ထည့်သွင်းပြုလုပ် ထားသည့် ဆူရှီကို အစားကောင်း၍ အသက်ဘေး အန္တရာယ် ကြုံတွေ့ ကာ ဆေးရုံတွင် အသက်လု ခဲ့ရသည်။

ယင်းသို့ ဆူရှီကို အလွန်အကျူး စားခဲ့သူ တရုတ် အမျိုးသားက အစာအိမ် အောင့်ပြီး၊ ခန္ဓာကိုယ်တစ်ခုလုံး ယားယံနေသည် ဟုဆိုကာ ဆေးရုံရောက် လာခြင်းဖြစ် သည်။ ၎င်းကို ဓာတ်မှန်ရိုက် စစ်ဆေးရာ တုတ်ကောင်များ တစ်ကိုယ်လုံး အနှံ့ တွယ် နေသည်ကို တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။
ဂျပန်ရိုးရာ ဆူရှီအစားအစာများသည် မကျက်သော အသားစိမ်းများဖြင့် တည်ခင်း စားသောက်ရသည့် အစားအစာမျိုး ဖြစ်ရာ ၎င်း အမျိုးသားက အလွန်အကြူး စားသုံးခဲ့သဖြင့် ယင်းကဲ့သို့ ခန္ဓာကိုယ်၌ပင် တုတ်ကောင်များ တွယ်လာခြင်း ဖြစ်သည်ဟု ဆရာဝန် များက ပြောသည်။ အသားစိမ်း ငါးစိမ်းများဖြင့် ပြင်ဆင်သည့် ဆူရှီနှင့် အခြား အစားအစာများသည် မသန့် မပြန့် သော အစားအစာများ ဖြစ်နေပြီဟု ဆရာဝန် များက မှတ်ချက်ပြု ထားသည်။
ယခုပုဂ္ဂိုလ်မှာ တရုတ်ပြည် အရှေ့ ပိုင်း ကွမ်တုံ ပြည်နယ်ရှိ ကွမ်ကျို့ အမှတ် ၈ ဆေးရုံသို့  မခံမရပ်နိုင်သည့် ဝေဒနာများကြောင့် တက်ရောက် ကုသမှု ခံယူ လာခြင်း ဖြစ်သည်။ မကျက်သည့် အသားစိမ်းများ စားခြင်းသည် ရေရှည် ကြာလာသည့် အခါ ကျန်းမာရေးကို ထိခိုက်မည် ဖြစ်ကြောင်း သုတေသန ပညာရှင်များ ကလည်း ပြောကြား ခဲ့ဖူးသည်။
ခန္ဓ္ဓာကိုယ်အောက်ပိုင်းတွင် စွဲကပ်နေသည့် တုပ်ကောင်များကို ဓာတ်မှန်ရိုက်ချက်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - Daily Mail
တုတ်ကောင် တွယ်ခြင်း အန္တရာယ်သည် ဆင်းရဲသည့် ဒေသများတွင် အန္တာရာယ် ဖြစ်နေသည်။ ဖွံ့ ဖြိုးဆဲ နိုင်ငံများ တွင်လည်း အဖြစ်များသည်။ ဆူရှီ စားသုံးမှု တွင်ကျယ်လာခြင်းနှင့် အတူ ယင်းပြဿနာလည်း တိုးပွား လာခြင်း ဖြစ်ကြောင်း ကနေဒီယန် ဂျာနယ်တွင် ဆရာဝန်များက ရေးသား ကြသည်။
“မကျက်တဲ့ အသားပါတဲ့ အစားအစာတွေမှာ တုတ်ကောင်ရဲ့ ဥတွေ ပါနေ ပါတယ်။ အဲဒီက တဆင့် အကောင်ပေါက်တယ်။ တဖြည်းဖြည်း အရွယ်ရောက်ပြီး ကိုယ်တွင်းမှာ တွယ်ကပ် နေတော့တာပါ”ဟု ကွမ်ကျို့ ဆေးရုံမှ ဒေါက်တာရင်က ပြောသည်။ ယင်း တုတ်ကောင်များ ခေါင်းအတွင်း ရောက်ရှိ သွားလျှင် အသက်အန္တရာယ် ကျရောက်ရသည် အထိ ကြုံတွေ့ နိုင်သည်။
Source:mizzimaburmese.com

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment