ဆီးရီးယား အရှေ့ပိုင်းရှိ စစ်သွေးကြွ အုပ်စုများအတွက် ငွေကြေး အထောက်အပံ့ ရရှိရာ ရေနံစက်ရုံများကို အမေရိကန်၊ ဆော်ဒီအာရေဗျနှင့် အာရပ်နိုင်ငံများက စစ်လေယာဉ်များဖြင့် ပစ်မှတ်ထားကာ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်လာကြသောနိုင်ငံများကို စစ်သွေးကြွများနှင့် ပူးပေါင်းရန်နှင့် နိုင်ငံခြားသား တိုက်ခိုက်ရေး သမား စီးဝင်မှုကို ရပ်တန့် ရန် သမ္မတ အိုဘားမားတိုက်တွန်းပြီး နောက် ယခုလို တိုက်ခိုက်ခြင်း ဖြစ်သည်။
ဘယ်လ်ဂျီယံနှင့် နယ်သာလန် နိုင်ငံတို့က အီရတ်သို့ စစ်သွေးကြွများကို တိုက်ခိုက်ရန် စစ်လေယာဉ်များ ပေးပို့ခဲ့ပြီး ဗြိတိန်ကလည်း စစ်သွေးကြွများ၏ တိုက်ခိုက် ရာ တွင် ပါဝင်ရေးအတွက် ပါလီမန်တွင် စက်တင်ဘာ ၂၆ရက်တွင် မဲခွဲဆုံးဖြတ်မည် ဖြစ်သည်။
“ ဒီစစ်သွေးကြွ လုပ်ရပ်တွေကို ချေမှုန်းဖို့ ညွှန်ပေါင်းအဖွဲ့ တွေနဲ့ အမေရိကန်က လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်တယ်။ ဒီကနေ့ ကျွန်တော်က တစ်ကမ္ဘာလုံး ပါဝင်ဖို့ တိုက်တွန်းပါတယ်” ဟု ကုလသမဂ္ဂတွင် အိုဘားမားက ပြောခဲ့သည်။
အယ်လ်ဂျီးနီးယားတွင် ဖမ်းဆီးထားသည့် ပြင်သစ်နိုင်ငံသား တစ်ဦးကို ခေါင်းဖြတ်ပြထားသည့် ဗီဒီယိုထုတ်လွှင့်ကာ တိုက်ခိုက်မှုများတွင် ပြင်သစ်ပါဝင်ခြင်း မပြု ရန် ပြင်သစ်အစိုးရကို စစ်သွေးကြွများက သတိပေးခဲ့သည်။
Source:mizzimaburmese.com

0 comments:
Post a Comment