ပျောက်ဆုံး တောင်တက်သမားတွေ ရှာဖွေရေး အမေရိကန်ကျွမ်းကျင်အဖွဲ့ ကူညီမည်


ခါကာဘိုရာဇီ တောင်တက် ခရီးစဉ်မှာ ပျောက်ဆုံး နေတဲ့ တောင်တက်သမား ၂ ဦးကို ရှာဖွေ ကယ်တင် နိုင်ဖို့ အတွက် အမေရိကန် နိုင်ငံ တောင်တက် သမားတွေနဲ့ ထိုင်းနိုင်ငံက ရဟတ်ယာဉ် ရရှိရေး ကြိုးပမ်း နေတယ်လို့ သိရပါတယ်။

အမေရိကန် တောင်တက်သမား ၄ ဦးကို အကူအညီ တောင်းထားသလို အမြင့်ပေ ၂သောင်းထိ ပျံသန်းနိုင်မယ့် ထိုင်းနိုင်ငံက ရဟတ်ယာဉ်နဲ့ ရှာဖွေနိုင်ဖို့အတွက်လည်း ထူးကုမ္ပဏီက စီစဉ်နေတယ်လို့ တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း၊ သဘာဝခေါ်သံ ဖောင်ဒေးရှင်းအဖွဲ့က အလုပ်အမှုဆောင် ကိုထွန်းလှအောင်က ပြောပါတယ်၊

"လက်ရှိ ဂန်လန်ရာဇီ တောင်ထိပ်ကို တက်ရောက်အောင်မြင်ထားတဲ့သူ ၄ ယောက်ကိုပေါ့နော်၊ မြန်မာနိုင်ငံကိုလာရောက်ပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ ဆက်သွယ်ဆောင်ရွက်ပေးနေတယ်လို့လည်း ကြားသိရပါတယ်၊ ဒီ့အပြင် အမြင့်ပေ ၂ သောင်းလောက် ပျံသန်းနိုင်တဲ့ ဒီရဟတ်ယာဉ်နဲ့ လေယာဉ်မောင်းသူကိုလည်း ယိုးဒယားဘက်နေ ဆက်သွယ်ပြီးတော့ ဒီနေ့ ပူတာအိုရောက်နိုင်မယ်လို့ မျှော်မှန်းထားတယ်ခင်ဗျ"

ဒီကနေ့မှာ ရာသီဥတုကောင်းမွန်တဲ့အတွက် ပန်နန်းဒန်ကနေ တဟွန်ဒန်းရွာအထိ ကူညီကယ်ဆယ်ရေးသမား ၃ ဦးကို ရဟတ်ယာဉ်နဲ့ ပို့ထားနိုင်ပြ်ီလို့လည်းပြောပါတယ်၊ တရုတ်နိုင်ငံကနေလာရောက်တဲ့ Blue Sky တောင်တက်အဖွဲ့ကတော့ မြန်မာနိုင်ငံဘက်ခြမ်းကနေ ရေခဲတောင်ကို တက်ရောက်ရှာဖွေဖို့ အခက်အခဲရှိတဲ့အတွက် တိဗက်ပြည်နယ်ကနေ ဒေသခံတွေနဲ့ ပူးပေါင်းပြီးရှာဖွေဖို့ စီစဉ်နေတယ်လို့လည်းပြောပါတယ်။

တက္ကသိုလ် ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝခေါ်သံ ဖောင်ဒေးရှင်း)က ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူ တို့နှစ်ဦးဟာ ခါကာဘိုရာဇီ ရေခဲတောင်ကို သြဂုတ်လ ၃၁ ရက်က တက်ရောက်ခဲ့အပြီး ပြန်အဆင်းမှာ အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးနေတာ ဒီကနေ့ဆိုရင် ၁၆ ၇က်ရှိပြီ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment