ကွမ်းလုံ ရက် ၄ဝ ရုပ်သံဇာတ်လမ်းမှာ ပါဝင်သရုပ် ဆောင်မယ့် မင်းမော်ကွန်း
ဒါရိုက်တာ ပန်းချီစိုးမိုး ရိုက်ကူးမယ့် တပ်မတော်နေ့ ဂုဏ်ပြု ဇာတ်လမ်း “ကွမ်းလုံရက် ၄ဝ” ရုပ်သံ ဇာတ်လမ်းမှာ မင်းမော်ကွန်း က ကွမ်းလုံရက်၎ဝ တိုက်ပွဲ အဆုံးအဖြတ် ဟိုက် ကမ်းပါး တိုက်ပွဲရဲ့ သူရဲကောင်း တပ်စုမှူး ဗိုလ်ကြီး သူရအေးရွှေ (ငြိမ်း) နေရာမှာ ပါဝင် သရုပ်ဆောင် ရိုက်ကူး သွားမှာဖြစ်ကြောင်း သိရပါတယ်။ သမိုင်းဝင် ဇာတ်လမ်း ဖြစ်တဲ့ အတွက် အဆိုပါကား အတွက် ပြင်ဆင်နေမှု များနဲ့ ပတ်သက်ပြီး မင်းမော်ကွန်းက “ဟိုက်ကမ်းပါးကို ဗ.က.ပ အငိုက် မိအောင် ပြန်တိုက်ခဲ့တဲ့ နေရာက ဗိုလ်ကြီး သူရအေးရွှေ နေရာ က ပါဝင် ရိုက်ကူးရမှာပါ။ ဒီကား အတွက် ကျွန်တော် အခုကတည်း က ဘောက်ထော် မှတ်တမ်း ရုံးထဲမှာ နှစ်ပတ်လောက် ရှိ ပြီ။ တပ်သားသစ် အယောက် ၄ဝနဲ့ အရာ ရှိ ၈ယောက် နဲ့အတူ လေ့ကျင့်ခန်းတွေ၊ ပြီးတော့ တန်းစီတာတွေ၊ တပ်မတော်သား တွေလုပ်ရတဲ့ စည်းကမ်း အတိုင်း နေ့တိုင်း မနက် ၅ နာရီခွဲ တစ်ခေါက် ညနေ ၃ နာရီခွဲ တစ်ခေါက် ထရိန်နင် လုပ်နေပါ တယ်။ စစ်ကား သရုပ်ဆောင်ရတာ ဒီကား နဲ့ဆို သုံးလေးကြိမ်လောက်တော့ ရှိပါပြီ။ ရှေ့မှာ များသော အားဖြင့် ရိုက်ခဲ့တဲ့ကား တွေက ဇာတ်လမ်း အဖြစ် ဖန်တီးထားတဲ့ ကားတွေပါ။ အခု ဒီကားကျတော့ သမိုင်း ဝင်ရိုက်ရမယ့် ကားဖြစ်တဲ့ အတွက် ကျွန်တော့် အတွက် တာဝန် ကြီးတယ်လို့ ခံစားရပါတယ်။ ဗိုလ်ကြီး သူရအေးရွှေ ဆိုတာ တကယ့်ကို တပ်မတော် ကြားထဲမှာ ရေပန်းစားတဲ့ သူရဲ ကောင်း တစ်ယောက်ပေါ့။ သူ့ရဲ့နေ ရာ ကနေ ရိုက်ကူးရမှာ ဖြစ်တဲ့ အတွက် ပြင်ဆင် မှုတွေ အများကြီး လုပ်နေပါတယ်။ ကျွန်တော် ငယ်ငယ်လေး ကတည်း က ကြားနေရတဲ့ ဇာတ်လမ်းပါ။ အိပ်ရာ ဝင် ပုံပြင်လိုပဲ ကျွန်တော့် အဘိုးဆို လည်း တပ်မတော်သားပါပဲ။ သူဆိုလည်း ကွမ်းလုံကို ဘယ်လို တိုက်ခဲ့ တယ်ဆိုတဲ့ အကြောင်းကို အိပ်ရာဝင် ပုံပြင်လို ကြားခဲ့ရတဲ့ အတွက် ဒီထဲက ဇာတ်ကောင် တွေနဲ့ ရင်းနှီးပြီးသား ပါ။ ဒီဇာတ်ကားက သမိုင်းဝင် ဇာတ် လမ်း တစ်ပုဒ်ဖြစ်တဲ့ အတွက် အကုန်လုံး ကလည်း တာဝန်ကြီးတဲ့ အတွက် အပြည့် အဝ လုပ်နိုင်ဖို့ ကြိုး စားနေပါတယ်” လို့ ပြောပြခဲ့ပါတယ်။
သိမ့်သိမ့်
Source : popularmyanmar.com
0 comments:
Post a Comment