ယာဉ်ကြောရှုပ်ထွေးမှု များကြောင့် ကျောင်းသား ကျောင်းသူများ စာမေးပွဲခန်းသို့ နောက်ကျရောက်ရှိ


မန္တလေး ၊ ၂၀-၉-၂၀၁၄

၂ဝ၁၃ - ၂ဝ၁၄ ပညာသင်နှစ် ရတနာပုံ တက္ကသိုလ် သင်တန်း အသီးသီး ၏ ဒုတိယနှစ်ဝက် စာမေးပွဲများကို စက်တင်ဘာ ၁၈ ရက်မှ စတင်၍ ကျင်းပခဲ့ရာ ယာဉ်ကြော ရှင်းလင်းရန် တာဝန်ချထားမှု အားနည်းခြင်း၊ ကုန်တင်ယာဉ်များ နှင့် ထော်လာဂျီ ယာဉ်များ ဝင်ရောက်ခြင်း နှင့် စာမေးပွဲ ကာလအတွင်း တစ်လမ်းမောင်း စနစ် ပြောင်းလဲ ထားသည်ကို ထိရောက်စွာ ကြေညာနိုင်မှု မရှိခြင်း တို့ကြောင့် နံနက် ၇ နာရီမှ ၈ နာရီ ၄၅ မိနစ်ထိ၊ နံနက် ၁၁ နာရီခွဲမှ မွန်းလွဲ ၁၂ နာရီခွဲအထိ တောင်သမန် ကန်ပတ်လမ်း နှင့် နို့ချက်စက်ရုံ၊ (ရန်ကုန် - မန္တလေး)၊ အထွက်လမ်းများ တွင် ယာဉ်ကြော ပိတ်ဆို့ ရှုပ်ထွေးမှု ကို မရှင်းလင်း နိုင်သဖြင့် စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ အခက်ကြုံ ခဲ့ရပြီး စာမေးပွဲ ဖြေဆိုချိန် နောက်ကျခဲ့ ရကြောင်း ကျောင်းသား တစ်ဦးက ပြောပြသည်။

''ရတနာပုံ တက္ကသိုလ် စာမေးပွဲ ဖြေဆိုချိန်မှာ အခုလို ယာဉ်ကြော ပိတ်ဆို့ပြီး သွားလာမှု ခက်ခဲတဲ့ ပြဿနာကို နှစ်စဉ်ကြုံတွေ့ ခဲ့ရပါတယ်။ အခုနှစ် ကတော့ အဆိုးရွားဆုံး ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပါတယ်။ တောင်သမန် ကန်ပတ်လမ်း မှာရှိတဲ့ ဦးရွှေတောင် တံတားကနေ ကျောင်းပေါက်အထိ မန္တလေးအခေါ် ငါးပြခန့် အကွာဝေး ရောက်ရှိဖို့ တစ်နာရီခွဲ ခန့်ကြာ ယာဉ်တွေ မောင်းရပါတယ်။ ကျောင်းသား၊ ကျောင်းသူ တွေက စာမေးပွဲဇောနဲ့ မောင်းနှင် လာတဲ့ ဆိုင်ကယ်၊ ကားတွေကို ပြခန်း လမ်းဘေးမှာ ထားခဲ့ပြီး စာမေးပွဲခန်းကို ခြေကျင် လျှောက်လာ ခဲ့ရပါတယ်။ စာမေးပွဲခန်း ကို နောက်ကျ ရောက်ရှိ လာသူတွေများ ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြ၍သိရသည်။

‪Source:Yadanarpondaily‬
https://www.facebook.com/myawadydaily?fref=ts
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment