ရင်သွေးလေး ရှိပြီဆို တာ သိလိုက်ရတဲ့ အချိန်မှာ တအား စိတ်လှုပ်ရှား သွားရတယ် ဆိုတဲ့ သက်မွန်မြင့်

ကိုစစ်နိုင် နဲ့ သက်မွန် မြင့်တို့ရဲ့ မိသားစု ဘဝထဲကို မကြာခင်မှာ ဆည်းလည်းလေး လို့ဆိုရမယ့် ရင်သွေးလေး ရောက် ရှိလာတော့ မှာဖြစ်ပါတယ်။ သူတို့ နှစ် ယောက်ရဲ့ ပထမဆုံး ရင်သွေးလေးဖြစ် တဲ့အတွက် ကလေးရဲ့ရင်ခုန်သံ က အားတစ်ခု ဖြစ်စေကြောင်း ပြောပြ လာတဲ့ သက်မွန်မြင့်က “ကိုယ်ဝန် ကတော့ လွယ်ထားရ ပြီ။ နေကောင်းနေ ရင်တော့ ကားရိုက် မယ်။ နေမကောင်းရင်တော့ ကားရိုက် တွေ နားရမှာပေါ့။ အလုပ် ဆိုတာတော့ ဘယ် အချိန် လုပ်လုပ်လုပ် လို့ရတာပေါ့။ ရင်သွေးလေး အတွက်က ကျတော့ ခု ချိန်မှာ ကိုယ့် အပေါ်မှာ မှီပြီးလူ တစ် ယောက်ဖြစ်ဖို့ ကြိုးစားနေ ရတဲ့ အချိန် က ပိုအရေးကြီးတယ်။ ရင်သွေးလေး အတွက်ပဲ ဦးစားပေးရမှာပေါ့။ ဂရု စိုက်ရမယ်။ အခုချိန်က လနုသေးတဲ့ အချိန် ဆိုတော့ တအား အရေးကြီးတဲ့ အချိန် ဖြစ်နေတယ်။ သိပ်ပင်ပန်းခံလို့ မရ ဘူး။ ကားရိုက်တယ် ဆိုတာ သိတဲ့ အတိုင်း စိတ်နှစ်ပြီး စဉ်းစားပြီး လုပ် ရတာဆိုတော့ နေကောင်း ရင်တော့ ဆက်ရိုက်မယ်ပေါ့။ စစချင်း ရင်သွေး လေးရှိပြီဆိုတာ သိလိုက် ရတဲ့အချိန် မှာ တအား စိတ်လှုပ်ရှားတယ်။ ကလေး လိုချင်တယ် ဆိုပေမယ့် တကယ့် မိခင်ဖြစ်တော့မယ် ဆိုတဲ့ အခါကျ တော့ ကိုယ်က အရင်က တည်းက နည်းနည်း ကလေး ဆန်တဲ့ သူဆို တော့ဒီကလေးကို ထိန်းနိုင်ပါ့ မလား။ နည်းနည်းတော့ စိတ်ပူမိတယ်။ ဒါပေမဲ့ တကယ်တမ်း ကလေးရဲ့ နှလုံး ခုန်သံကို ကြားရတဲ့ အခါ ကျတော့ အင်အား တစ်ခုဖြစ်လာတယ်။ မိခင် စိတ် ပြောရမှာပေါ့နော်။ ငါဒီကလေး အတွက် ဆိုတဲ့ စိတ်တွေက အများကြီး ဝင်လာတယ်။ လူကတော့ ပြောင်းလဲ သွား တယ်။ အရင်ကတည်း ကလည်း ကိုယ့်မိဘရဲ့ ချစ်ခြင်း မေတ္တာတွေ၊ စေတနာတွေကို သိပြီးသားပေါ့ နော်။ ဒါပေမဲ့ အခု ကလေး ရလာပြီ ဆိုတော့ ကိုယ်ချင်း ပိုစာနာမိ သွား တယ်။ ကိုယ်တိုင် ကိုယ်တွေ့ မိခင် တစ်ယောက် ဖြစ်လာပြီ ဆိုတော့ အမေ တွေဘယ်လို ခံစားရလဲ ဆိုတာ ပိုပြီး တော့ နားလည် လာတယ်”လို့ ပြောပြ ခဲ့ပါတယ်။ သိမ့်သိမ့်၊ ဓာတ်ပုံ-မင်းမင်းထွန်း Source: popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment