နေရာသစ် နဲ့ မြန်မာ့ ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲ

၂ဝ၁၃ ခုနှစ် အတွက် မြန်မာ့ ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲကြီး လာမယ့် ဒီဇင်ဘာ ၂၇ ရက်နေ့မှာတော့ ရန်ကုန် မြို့ ၊မြေနီကုန်းရှိ Myanmar Event Part(MEP) မှာပြုလုပ် မှာဖြစ်ကြောင်း သိရပါတယ်။ ဒီနှစ်မှာတော့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးအပ်ရေးနဲ့ ပတ်သက်တဲ့ တင်ဒါခေါ်ယူရေး၊ စင်မြင့် တည်ဆောက်ရေး၊ အကယ်ဒမီ ဗန်းကိုင် ရွေးချယ်ရေး ၊နေရာရွေး ချယ် သတ်မှတ်ရေး စတဲ့ လုပ်ငန်းကိစ္စ အဝဝတွေကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အနေနဲ့ပဲ အား လုံးလုပ် ကိုင်သွား မှာဖြစ်သော်လည်း အကယ်ဒမီ ရွှေစင်ရုပ်တုနဲ့ ပတ်သက် တဲ့ လုပ်ဆောင်မှု ကိုတော့မြန်မာ့ ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာန (ယခင်ပြန် ကြားရေး ဝန်ကြီးဌာန မြန်မာ့ ရုပ်ရှင် လုပ်ငန်း)ကပဲ ဆက်လက် ကူညီပံ့ပိုး သွား မှာဖြစ်ကြောင်း သိရပါတယ်။ ဒါပေမဲ့ လာမယ့်နှစ်တွေ ကစလို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အနေ နဲ့ပဲ အားလုံးကို တာဝန်ယူ လုပ် ဆောင် ရတော့မှာဖြစ်ပါတယ်။ မြန်မာ့ ရုပ်ရှင်ပေါ်ပေါက်လာတဲ့ ၁၉၂ဝ နောက်ပိုင်း နှစ်ပေါင်း ၃ဝ ကျော် ကြာလာတဲ့ အခါမှသာ မြန်မာ့ ရုပ်ရှင် ဇာတ်ကားတွေ အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ကို ၁၉၅၂ ခုနှစ်မှာ စတင်ပေးအပ် လာခဲ့တာပါ။ ၁၉၅၂ ခုနှစ် ကတည်းက ပေါ်ပေါက်လာတဲ့ အကယ်ဒမီဟာ အခုဆိုရင် နှစ်ပေါင်း ၆ဝ ကျော် ရှိနေပါပြီ။ အဲဒီကြားထဲမှာ အကယ်ဒမီ မပေးဖြစ်ခဲ့တဲ့ နှစ်တွေ လည်း ရှိခဲ့ပါတယ်။ ၁၉၅၂ ခုနှစ် အကယ်ဒမီ စပေး ခါစကတော့ အကယ်ဒမီ အခမ်းအနားကို ရန်ကုန်မြို့တော် ခန်းမမှာ စတင်ပြုလုပ်ခဲ့တာပါ။ အဲဒီနောက် မှာတော့ ရန်ကုန်စက်မှု အထက် တန်း ကျောင်းမှာလည်း လုပ်ခဲ့ဖူးသလို အင်း ယားလိတ် ဟိုတယ်မှာလည်း ပြုလုပ်ခဲ့ဖူး တာ ရှိပါတယ်။ ပြီးတော့ နဝဒေးရုပ် ရှင်ရုံမှာ လည်းလုပ်ခဲ့သလို ရုပ်ရှင်မြှင့် တင်ရေး ဌာန ၊မြန်မာ့အသံ စတဲ့နေရာ တွေမှာလည်း အကယ်ဒမီ ဆုပေးပွဲကို ကျင်းပပြုလုပ်ခဲ့ ဖူးပါတယ်။ ၁၉၆၄ ခုနှစ် မှာတော့ အကယ်ဒမီ ဆုပေးပွဲခေတ္တ ရပ်သွားခဲ့ ရပါတယ်။ အိမ်စောင့် အစိုးရ တက်လာ ပြီးနောက် စစ်အာဏာသိမ်း တဲ့၂နှစ်၊ ၃နှစ်လောက် အထိ အကယ်ဒမီ ဆုပေးပွဲ မကျင်းပနိုင်ခဲ့ပါဘူး။ ၁၉၉ဝ ခုနှစ် မှာတော့ အကယ်ဒမီ ဆုပေးပွဲကို ပြန်လည် ပြုလုပ်လာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝဝ၉ ခုနှစ် ကစပြီး တော့ နေပြည်တော် မှာပြောင်းလဲ ကျင်းပ ပြုလုပ်ခဲ့ပြီးတဲ့နောက် ၂ဝ၁၂ ခုနှစ်မှာတော့ ရန်ကုန်မြို့ သုဝဏ္ဏ အားကစား ရုံမှာ ပြန်လည်ပြု လုပ်နိုင်ခဲ့ ပါတယ်။ ရန်ကုန်မှာ ပြန်လည် ပြုလုပ်ခွင့် ရတဲ့အချိန်မှာ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ရဲ့ လည်ပတ်နေမှု ပုံစံဟာ လည်း ဗဟိုဦးစီး စနစ် ကနေပြီးတော့ ရုပ်ရှင်လောက သားတွေ ရဲ့ ကြိုးပမ်းမှု တွေ နဲ့ အတူ (NGO) အဖွဲ့အစည်း အသစ် တစ်ခု အဖြစ် ရပ်တည်လာနိုင် ခဲ့တဲ့ အချိန်ပါ ။ရုပ်ရှင်လောကသား အားလုံးက လည်း ရန်ကုန်မြို့ မှာ ပြန်လည် ကျင်းပခွင့် ရခဲ့တဲ့ အပေါ်ကို အလွန်ပင် အား ရကျေနပ်မှု ရှိခဲ့ကြပါတယ်။ Source: popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment