နေအိမ်တွင်အိပ်နေစဉ် မိုးကြိုးထိမှန်၍ သေဆုံး၊ ဒဏ်ရာရ


နေပြည်တော်၊ စက်တင်ဘာ ၁၆

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၂ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သဲကောကျေးရွာတွင် မိုးကြိုးပစ်၍ လူတစ်ဦးသေဆုံးကြောင်း သတင်းအရ မြို့လှနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ၎င်းကျေးရွာနေ မပြုံးချို(၃၅)နှစ်သည် ခင်ပွန်းဖြစ်သူ ဦးလှဝင်း(၄၉)နှစ်နှင့်အတူ နေအိမ်၌အိပ်နေစဉ် မိုးကြိုးပစ်၍ထိမှန်ရာ မပြုံးချိုတွင် ယာနားထင်သွေးထွက်ဒဏ်ရာရရှိ သေဆုံးသွားခဲ့ပြီး ဦးလှဝင်း၌ ၀မ်းဗိုက်ဝဲဘက်မီးလောင်ဒဏ်ရာ၊ သွပ်မိုး၊ ထရံကာခြေတံရှည် ၁ ထပ်နေအိမ်တိုင် ၃ လုံး ကျိုးကြေပျက်စီး၊ နေအိမ်အောက်ရှိ ၀က်မ ၁ ကောင်တို့ မီးလောင်ဒဏ်ရာရရှိ သေဆုံးသွားသောကြောင့် မြို့လှနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၃/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment