တိုက်ဆိုင်မှုရှိလျှင် ဇာတ်ကားကြီးကနေ အိမ်ထောင်ရေး အတွက် ပညာပြန်ယူရ တယ်ဆိုတဲ့ ပြေတီဦး
စိန်ဌေး ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးကနေထုတ်လုပ်ပြီးဒါရိုက်တာ မောင်မျိုး မင်း (ရင်တွင်းဖြစ်) ဖန်တီး ရိုက်ကူးပုံဖော်ထားတဲ့ ‘တိုက်ဆိုင်မှု ရှိလျှင်’ ရုပ်ရှင် ဇာတ်ကားကြီး မှာ ပြေတီဦးက မိုးဟေကို၊ လိုင်လာခမ်း (မြန်မာပြည်ဖွား အိန္ဒိယမင်းသမီး)တို့နဲ့အတူသရုပ်ဆောင်ထားပါတယ်။ ‘တိုက်ဆိုင် မှုရှိလျှင်’ ရုပ်ရှင်ကားကြီးထဲကနေပညာပြန်ယူ ရတဲ့အချက် တွေရှိခဲ့တယ်လို့ဆိုတဲ့ ပြေတီဦးက “ဒီ ‘တိုက်ဆိုင်မှုရှိလျှင်’ ဆိုတဲ့ရုပ်ရှင်ကားကြီးထဲမှာမက်ဆေ့ခ်ျကောင်းတွေ တော်တော်များများပါတယ်။
အားနာတတ်တယ်ဆိုတာက မကောင်းဘူးဆိုတာကို အဓိကထားပြသွားတယ်။ အားနာတတ်တယ်ဆိုတာက လည်းလူတိုင်းအပေါ်မှာမကောင်းဘူး။အားမနာ သင့်တဲ့ နေ ရာမှာအား မနာရဘူး။ နောက်ပြီးတော့ ဒီရုပ်ရှင်ကားကြီးထဲကနေရခဲ့တဲ့ မက်ဆေ့ခ်ျတစ်ခုကကျတော့ မှန်ကန်ရဲ ရင့်တဲ့သစ္စာတရားတစ်ခုဟာ ဆိုးရွား တဲ့ကံ ကြမ္မာကဘယ်ေ လာက် ပဲဖျက် ဆီးဖျက်ဆီးတစ်သက်လုံးအ တွက် တော့ ပျက်မသွားနိုင်ဘူး။ အချိန် အတိုင်းအတာကာလတစ်ခု အတွင်းမှာဒီအမှန်တရားတစ်ခု ဟာပေါ်ကို ပေါ်လာတယ်။ ဒါ ကြောင့် မို့ ကျွန် တော်တို့ရဲ့ရင်ထဲ မှာမှန်ကန် ရဲရင့်တဲ့ သစ္စာတရား ရှိနေဖို့ပဲအရေးကြီးတယ်။အဲဒီ မက်ဆေ့ခ်ျမျိုးတွေပေါ့နော်။အဲဒါတွေအကုန်လုံးကိုကိုယ် တိုင် လည်း တအားကြိုက်တယ်။ကိုယ်တိုင်လည်းတကယ့်ကို ပညာပြန်ယူရတဲ့အချက်တွေ ပါပဲ” လို့ ပြောပြပါတယ်။
သိမ့်သိမ့်
Source: popularmyanmar.com
0 comments:
Post a Comment