မြန်မာ အလှမယ် တို့ပြောတဲ့ ငြိမ်းချမ်းရေး စကား

စက်တင်ဘာ ၂၁ ရက်နေ့ အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှ စကာ တစ်ကမ္ဘာလုံး ငြိမ်းချမ်းကြပါစေ ကြောင်း၊ လူသား အားလုံးကို မေတ္တာထားကာ ကိုယ်ချင်းစာ တရား လက်ကိုင် ထားပြီး ငြိမ်းချမ်းတဲ့ ဘဝများကို တည်ဆောက်နိုင် ပါစေကြောင်း ရင်ဖွင့်ပြောကြား လာတဲ့ မြန်မာ အလှမယ်တို့ရဲ့ ငြိမ်းချမ်းရေး စကား များကို စု စည်း ဖော်ပြလိုက်ပါတယ်။ နန်းခင်ဇေယျာ- “ငြိမ်းချမ်းမှုကို အား လုံး ကလည်း လိုလားတယ်။ ငြိမ်းချမ်းမှ လည်း တိုင်းပြည် တိုးတက်မှာလေ။ အဲဒီ တော့ ညီမကတော့ Please the peace လို့ပဲ ပြောချင်ပါတယ်။ ညီမထင်တဲ့ ငြိမ်းချမ်းရေး ဆိုတာကလည်း စိတ် ထဲမှာ တစ်ယောက်နဲ့ တစ်ယောက် အပြိုင် အဆိုင် မရှိဘူး။ ညီမတို့ ဗုဒ္ဓဘာသာအရ ဆိုရင်လည်း အားလုံးက လည်း ငြိမ်းချမ်း ရေးကို လိုလားကြတဲ့ သူချည်းပါပဲ” ထားထက်ထက်-”စက်တင်ဘာ ၂၁ ရက်နေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်း ချမ်းရေးနေ့ မှစပြီး နိုင်ငံတကာမှာ အခုထက် ပိုပြီး ငြိမ်းချမ်းစေ ချင်ပါ တယ်။ ငြိမ်းချမ်းရေး ဆိုတာ စစ်ပွဲတွေ မဖြစ်ဘဲနဲ့ ငြိမ်းငြိမ်းချမ်း ချမ်းလေးပဲ ဖြစ်စေချင်တယ်။ တချို့နိုင်ငံတွေမှာ ဆိုရင် ပြည် တွင်း စစ်တွေဖြစ် နေတာတွေရှိ တယ်။ အဲဒီလိုမျိုးတွေ မဖြစ်စေ ချင်ပါ ဘူး။ ခိုက်ရန် မဖြစ်ပွား ဘဲနဲ့ တစ်ဦးအပေါ် တစ်ဦး မိသားစုတွေလို မျိုးတစ်ယောက် နဲ့တစ်ယောက် ချစ်ခင်ပြီး ငြိမ်းချမ်း ရေးကိုဖော် ဆောင်စေချင်ပါတယ်” ဂုဏ်ရည်အေးကျော် -”ငြိမ်းချမ်းရေး မရှိဘူး ဆိုရင် တိုင်းပြည်တစ်ပြည် တောင်မပြောနဲ့ လူတစ်ယောက် ရဲ့ စိတ်ထဲမှာတောင် ငြိမ်းချမ်းမှု မရှိဘဲ ပူလောင်နေတယ် ဆိုရင် အဲဒီလူက နေလို့ထိုင်လို့ မကောင်းဘူး။ မျက်နှာ မသာယာဘူး။ အဲဒီလိုပဲ မိသားစု တစ်စု မှာလည်း အဲဒီမိသားစု မငြိမ်းချမ်းဘူး ဆို ရင်သာယာမှု မရှိဘူး။ အဲဒီတော့ မိသားစု တိုင်းမှာ ရှိတဲ့ လူတစ်ဦး တစ်ယောက်ချင်း ငြိမ်းချမ်းနေဖို့ က အရေးကြီးပါတယ်။ ငြိမ်းချမ်းခြင်း အစစ် အမှန် တွေ ရှိမှသာ တိုင်းပြည်အေး ချမ်းမယ်။ တိုင်း ပြည် ငြိမ်းချမ်း သာ ယာ နေ မှ နိုင်ငံတကာ မှာလည်း မျက်နှာပန်း လှ မယ်။ ငြိမ်းချမ်းရေး ဆိုတာ မရှိရင် အဘက် ဘက်ကနေ ကြည့်ရင် ဘယ်ဟာမှ မကောင်း ဘူး။ စစ်သား ဒုက္ခ သည်တွေ ရှိနေမယ်။ ကမ္ဘာပေါ်မှာ ရှိ နေတဲ့ တိုင်းပြည်တိုင်း၊ တိုင်းပြည်တိုင်း တင်မဟုတ်ဘဲနဲ့ တိုင်း ပြည်ထဲမှာ ရှိနေကြတဲ့ လူတစ်ဦး တစ် ယောက်ချင်း စီ ငြိမ်းချမ်းစေ ဖို့ လည်း ဆု တောင်းပေးချင်ပါတယ်။ ငြိမ်းချမ်းရေး ဆိုတာက ဟိုဘက်ဒီဘက် အဖွဲ့အစည်း ဆိုတာထက် လူတစ်ဦး တစ်ယောက်ချင်း စီရဲ့ ငြိမ်းချမ်းရေး လို့ပဲ ဖွင့်ဆိုချင်ပါတယ်။ ယုံကြည် ကိုးကွယ်ရာ ဘာသာတရား ကြောင့် အေးချမ်းတာ ပဲဖြစ်ဖြစ်၊ စိတ် ထား ငြိမ်းချမ်းလို့ အေးချမ်းနေတာပဲ ဖြစ်ဖြစ်၊ လူတစ်ယောက် ငြိမ်း ချမ်းနေ တာကို မြင်ရင်တောင် သူ့ကိုမြင်ရရင် တောင် အေးချမ်း လိုက်တာလို့ ပြောကြ တာ မျိုး ရှိတယ်လေ။ ဒါကြောင့် တစ်ဦးချင်း၊ တစ်ယောက်ချင်း စီတိုင်း က သာ အေး ချမ်းနေဖို့ ကိုပဲ ဂုဏ်ရည်ပိုပြီး ရှေး ရှုပါတယ်” ခင်လပြည့်ဇော် – “ငြိမ်းချမ်းမှု ဆိုတာ လူတိုင်းလည်း လိုချင်တယ်။ နေရာတိုင်း မှာလည်း ငြိမ်းချမ်းမှု ရှိဖို့ဆိုတာက လို အပ်ပါတယ်။ မိသားစု အတွင်းမှာရော၊ လုပ်ငန်းခွင် အတွင်းမှာရော တိုင်းပြည် တစ်ပြည်မှာရော ငြိမ်းချမ်းမှု ရှိဖို့က အရေး ကြီးပါတယ် ။လူတိုင်း ကိုယ်ချင်းစာ တရား တို့မေတ္တာတရား တို့ထားမှလည်း ငြိမ်းချမ်း ရေး ဆိုတာဖြစ်ပေါ် လာမှာလေ။ အဲဒါ ကြောင့် လူသား တိုင်း အချင်းချင်း မေတ္တာ ထားကြပါလို့။ တစ်ကမ္ဘာလုံး ကို ငြိမ်း ချမ်းစေချင်ပါတယ်” လွင်လွင်ထွန်း Source: popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment