ပင်လယ်ပြင်တွင် အတင်းအဓမ္မ ခိုင်းစေခံနေရသော ထိုင်းငါးဖမ်းလုပ်ငန်းမှ ရွှေ့ပြောင်း အလုပ်သမားများ၏ အထွေထွေ ဒုက္ခ



ထိုင်းငါးဖမ်း သင်္ဘောများ ပေါ်တွင် အဓမ္မ ခိုင်းစေခြင်း ခံနေရသူ များပြား လာခြင်းက တစ်ကမ္ဘာလုံး ပင်လယ်စာ ဈေးကွက် တောင်းဆိုမှု များပြား လာခြင်းနှင့် ငါးရှားပါး လာခြင်းကြောင့် ဟု ပတ်ဝန်းကျင် တရားမျှတမှု ဖောင်ဒေးရှင်း EJF က ဖော်ပြ ခဲ့သည်။

ငါးဖမ်း သင်္ဘောများ ငါးများများ ရရန်အတွက် ခရီးရှည်ကြီး ထွက်ပြီး ငါးရှာရသည်။ ပင်ပန်းသည့် အလုပ်မျိုး ဖြစ်သည်။ ပြည်တွင်းရှိ ထိုင်းလူမျိုး များသည် ၄င်း ငါးဖမ်းသည့် အလုပ်ကို စိတ်မဝင်စား ကြပေ။ ငါးဖမ်း လုပ်ငန်းကို စီးပွားရေး လုပ်ငန်းအဖြစ် အားလုံး လိုလို လုပ်ကိုင် နေကြ သောကြောင့် အမြတ် အစွန်းလည်း သိပ်မကျန် ကြပေ။ ထို့ကြောင့် ငါးဖမ်း လုပ်ငန်းပိုင်ရှင် များသည် လုပ်အားခ ခေါင်းပုံဖြတ်ရန် လွယ်ကူသော တရားမဝင် ရွှေ့ပြောင်း အလုပ်သမား များကို အသုံးပြုပြီး ပင်လယ်ပြင် တွင် အတင်းအဓမ္မ ခိုင်းစေ ခဲ့ကြသည်။

ယခင်နှစ်က ထိုင်း အစိုးရသည် လူကုန်ကူးမှု ကြိုတင် ကာကွယ်ရေး အမျိုးသား လုပ်ငန်း စီမံချက်ဖြင့် လူကုန်ကူး ခံရသူများကို ကူညီ ထောက်ပံ့မည်ဟု သိရသည်။ အမျိုးသား ငါးဖမ်းလုပ်ငန်း အသင်းများ၊ အရပ်ဘက် လုပ်ငန်းအဖွဲ့များနှင့် အလုပ်သမား ဝန်ကြီးဌာန တို့ ပူးပေါင်းပြီး အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ကြီး ( ILO ) ကို ကူညီခဲ့ ကြသည်။

လူကုန်ကူး ခံရသော အလုပ်သမားများ ဆိုင်ရာ အစီရင်ခံစာ ၌ ဖော်ပြ ထားရာတွင် ၂ဝ၁၃ ခုနှစ်က ငါးဖမ်းလုပ်ငန်း ကဏ္ဍမှာ ငါးဖမ်းသင်္ဘော ပေါ်တွင် လုပ်ကိုင် နေကြသူ ခြောက်ဦးလျှင် တစ်ဦးက လုပ်ကိုင် လိုသည့် ဆန္ဒမရှိကြောင်း သိရသည်။ ငါးဖမ်း လုပ်ငန်းမှ အလုပ်သမား အများစုမှာ ထိုင်းလူမျိုး များသာ ဖြစ်ကြပြီး ၄င်းတို့ ဆန္ဒအလျောက် လုပ်ကိုင် နေကြသူများ ဖြစ်သည်။

တကယ် စိုးရိမ်နေတာက ငါးဖမ်းလုပ်ငန်း တစ်ခုလုံးမှာ အဓမ္မ ခိုင်းစေခြင်း ခံနေကြရသူ များသာ ဖြစ်ကြောင်း ILO မှ အကြီးတန်း ပရိုဂရမ် အရာရှိ Max Tunon က ပြောသည်။ လွန်ခဲ့သော နှစ်များက အစိုးရနှင့် အမျိုးသား ငါးလုပ်ငန်း အသင်းများနှင့် ILO တို့ တွေ့ဆုံ ညှိနှိုင်း ဆွေးနွေး ကြသည်။

ထိုင်းနိုင်ငံမှ လူကုန်ကူး ခံရသူများကို နောက်ဆုံး ပို့လိုက်သော နေရာမှာ ငါးဖမ်း သင်္ဘောများသို့ ဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်က ထိုင်းနိုင်ငံသို့ သွား၍ အလုပ်လုပ် ရလျှင် သာယာ ကောင်းမွန်သော ဘဝကို ရလိမ့်မည် ဟူသော မျှော်လင့်ချက်ဖြင့် ထွက်လာခဲ့သော ကမ္ဘောဒီးယား နိုင်ငံမှ ရွှေ့ပြောင်း လုပ်သား တစ်ဦးမှာ မျှော်လင့်ချက်များ ပျောက်ကာ ကျွန်ဘဝသို့ ချက်ချင်း လက်ငင်း ရောက်ရှိ သွားသည်ကို သူ့ကိုယ်သူ သိလာသည်။

စကားပြော သိမ်မွေ့သော အသက် ၂၁ နှစ်အရွယ် မော်တေ ဟုခေါ်သော လူငယ်ကို အလုပ်ပွဲစား များက မစားရ ဝခမန်း နယ်စပ် ကျော်ဖြတ်၍ ထိုင်းနိုင်ငံဘက်သို့ ခေါ်သွား ပေးမည် ဖြစ်ကြောင်း၊ ဟိုရောက်လျှင် ဘေးကင်းစွာ နှင့် အလုပ်ရမည် ဖြစ်ပြီး နာနတ်သီး စက်ရုံပိုင် စိုက်ခင်းထဲတွင် လုပ်ရမည် ဆိုကာ ပိုက်ဆံလည်း စုနိုင်မည်။ စုလို့ရသည့် ပိုက်ဆံကို ၄င်းအား ပို့ဆောင်ပေး သူကို အဖိုးအခ ပြန်ဆပ်သည့် စနစ်ဖြင့် လုပ်ရန် ပြောဆို စည်းရုံး၍ ယုံကြည် မိခဲ့သည်။ တကယ်တော့ သူနှင့်အတူ ပါလာသော အခြား ၁၂ ဦးတို့ကို ငွေဝယ်ကျွန်များ အဖြစ် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၄၃ဝ ဖြင့် ထိုသူက ရောင်းစား လိုက်ခြင်း ဖြစ်သည်။

''ငါးဖမ်း သင်္ဘောပေါ် စရောက်တာနဲ့ အရမ်းကို စိတ်ဓာတ်ကျ သွားတယ်။ ကျွန်တော် အရှင်လတ်လတ် ငရဲပြည်ကို ရောက်သွားတယ် ထင်တယ်ဗျာ။ ကျွန်တော်တို့ လုပ်ငန်းကို နားမလည်လို့ စနစ်တကျ ကောင်းကောင်း မလုပ်နိုင်လို့ ဆိုပြီး ကျွန်တော် တို့ကို ရိုက်နှက် ကြတယ် .. '' ဟု လူကုန်ကူး ခံရသော ငါးဖမ်းသမား မော်တေ က ပြောသည်။ သူသည် တစ်ခါမှ ငါးမဖမ်းဖူးသူ ဖြစ်၍ လုပ်ငန်း အတွေ့အကြုံ လုံးဝမရှိဘဲနှင့် ငါးဖမ်းသင်္ဘော များတွင် နောက်ထပ် ခြောက်လ လုပ်ရသည်။ လုပ်ခ မပေးဘဲ အဓမ္မ ခိုင်းစေခံခဲ့ ရသည်။ မော်တေ ၏ ပြောပြချက်အရ သူတို့အဖွဲ့မှ မိန်းကလေး များကို ပင်လယ်စာ ထုတ်လုပ်ရေး အလုပ်ရုံသို့ ပို့ပြီး ရုပ်ရည် ချောမောသူ များကိုတော့ ပြည့်တန်ဆာ လုပ်ငန်းဘက်သို့ ပို့လိုက်သည်။ ထိုင်းငါးဖမ်း သင်္ဘောများသည် ငါးအရနည်း လာသောကြောင့် ပင်လယ်ပြင် အတွင်းမှာ အချိန်ကြာ မြင့်စွာ ငါးဖမ်းကြ ရသည်။

မော်တေ ၏ အဖြစ်မှာ ထူးဆန်းသည် မဟုတ်ပါ။ ဗြိတိသျှ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တစ်ဖွဲ့ ဖြစ်သော ပတ်ဝန်းကျင် တရားမျှတမှု ဖောင်ဒေးရှင်း ( EJF ) ၏ အစီရင်ခံစာသစ် အရ ထိုင်းငါးဖမ်း လုပ်ငန်း နှင့် ပင်လယ်စာ လုပ်ငန်းသည် နှစ်စဉ် အမေရိကန် ဒေါ်လာ ၇ ဘီလီယံ ရရှိသည်။ အိမ်နီးချင်း နိုင်ငံဖြစ်သော ကမ္ဘောဒီးယားမှ ရွှေ့ပြောင်း လုပ်သားများ အပေါ် ခေါင်းပုံဖြတ်၍ လုပ်ဆောင်ခြင်း ဖြစ်သည်။ မော်တေ သည် ငါးဖမ်းသင်္ဘော တွင် ကိုးလ ကြာပြီးနောက် ကံကောင်း ထောက်မစွာ လွတ်မြောက် သွားခဲ့သည်။ ကုန်းပေါ် ပြန်ရောက်အောင် နေမကောင်း ဟန်ဆောင်ကာ ဗန်ကောက် တောင်ဘက် ပတ္တယားမြို့သို့ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။ ပတ္တယားမြို့ ရောက်မှ ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်း ၌ ပုန်းခိုရသည်။ သူ ထိုနေရာတွင် ရှိနေသေး သည်။ သူက ထွက်ပြေးလာသူ ဆိုတော့ နောက်ကနေ လိုက်ပြီး သတ်ဖြတ်မှု ခံရမည် ကို စိုးရိမ်၍ အမည် စာရင်းကို မဖော်ပြ လိုက်ပါ နှင့်ဟု CNN သတင်းဌာန ကို ပြောပြ ခဲ့သည်။

ထို ငါးဖမ်းသင်္ဘော ပေါ်တွင် ပင်ပန်းကြီးစွာ ရုန်းကန်ရသော အခြေအနေဆိုး အမျိုးမျိုး ကိုလည်း ပြောပြ သေးသည်။ ပြီးခဲ့သည့် နှစ်ကလည်း အိမ်နီးချင်း နိုင်ငံများမှ အလုပ်သမား ၁၄ ဦးကို လှေပေါ်မှ ကယ်တင်ခဲ့ ရသည်။ ၄င်းတို့သည် တစ်နေ့လျှင် နာရီ ၂ဝ အလုပ်လုပ် ကြရသည်။ လုပ်အားခ လုံးဝ မရသည့် အပြင် ထိုင်း သင်္ဘောသား များ၏ အရိုက်အနှက် ခံရသည်။ EJF ၏ အစီရင်ခံစာ အရ အချို့ အလုပ်သမား များကို သတ်ပြီး ပင်လယ်ထဲသို့ ပစ်ချ လိုက်သည်မှာ မလိုချင်သော ငါးကို ဖမ်းမိပြီး၍ ရေထဲပြန်ပစ်ချ သလိုမျိုး ဖြစ်သည်ဟု သိရသည်။

သူတို့ ထိုနေရာသို့ ရောက်ရှိ နေသည်မှာ တစ်နှစ်နီးပါး ရှိလာခဲ့ပြီ ဖြစ်ကြောင်း၊ အများစုက အိမ်ကိုပြန်ရုံ သက်သက် မလုပ်ဘဲ တရား မျှတမှုကို ရှာဖွေပြီးမှ သာ ပြန်မည် ဖြစ်ကြောင်း နှင့် အရှုံးပေးပြီး အိမ်ကို ပြန်သွားရင် သူတို့လိုပဲ ခံစား နေရတဲ့ လူတိုင်းအတွက် အရေးယူ ဆောင်ရွက် ပေးမှုဆိုတာ မရှိနိုင် တော့ကြောင်း EJF အဖွဲ့ တည်ထောင်သူ ဒါရိုက်တာ Steve Trent က ပြောသည်။

ဤသို့ဖြင့် ၂ဝ၁၃ ခုနှစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အစီရင်ခံစာ တွင် ထိုင်း ရေကြောင်း ဌာနနှင့် ရေတပ်တို့သည် ၂ဝ၁၂ ခုနှစ်က ငါးဖမ်း သင်္ဘောပေါင်း ၆ဝ၈ စင်းကို စစ်ဆေးခဲ့ရာ လူကုန်ကူး ခံရသူ အလုပ်သမား မရှိကြောင်း အစီရင်ခံ ခဲ့ရာ ပတ်ဝန်းကျင် တရားမျှတမှု ဖောင်ဒေးရှင်း ( EJF ) က ထိုင်းနိုင်ငံ၌ တရား ဥပဒေဘက် အဖွဲ့အစည်းများမှ ဝန်ထမ်းများ အကြားတွင် လာဘ်ပေး လာဘ်ယူမှုသည် တစ်နိုင်ငံလုံး ပျံ့နှံ့ နေကြောင်း ဖော်ပြ ခဲ့သည်။

ထို့ကြောင့် ထိုင်းနိုင်ငံ၌ အဂတိ လိုက်စားမှု နှင့် ငွေကြေး မလုံလောက်မှု အခြေအနေ များက အိမ်နီးချင်း နိုင်ငံများမှ ရွှေ့ပြောင်း အလုပ်သမား များအပေါ် အတင်းအဓမ္မ ခိုင်းစေ၍ ခေါင်းပုံဖြတ်ခြင်း များကို ခွင့်ပြု ပေးထား သကဲ့သို့ ဖြစ်နေ ပါကြောင်း ရေးသား လိုက်ရပါသည်။ ။

#PyiChitThar
ကိုကိုဟန်
http://www.pyichitthar.com/2014/09/blog-post_16.html

The Thai fishing industry is built on slavery, with men often beaten, tortured and sometimes killed - all to catch 'trash fish' to feed the cheap farmed prawns sold in the west.
SLAVE LABOUR AND COERCION IN THAILAND'S FISHING INDUSTRY CONFIRMED BY ILO.
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment