ထိုင်းအမျိုးသမီးတစ်ဦး မိကျောင်းခြံအတွင်းခုန်ချသေကြောင်းကြံ


ဘန်ကောက်မှ အသက် ၆၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် ဘန်ကောက်မြို့တော် အနီးရှိ မိကျောင်းခြံ တစ်ခြံအတွင်း ခုန်ချကာ အဆုံး စီရင်သွားကြောင်း ရဲများက ဆိုသည်။

ဝမ်ဖန်အင်ရိုင်အမည်ရှိ အမျိုးသမီးသည် သောကြာနေ့က ဆာမတ်ပရာခါးန် မိကျောင်းခြံရှိ ကန်တစ်ခုအတွင်း ခုန်ချခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေ များက ဆိုသည်။

ဝန်ထမ်းများအနေဖြင့် သူမကို အချိန်မီကယ်ဆယ်နိုင်ခဲ့ခြင်းမရှိပေ။ သူမ မသေဆုံးမီက စိတ်ဓာတ်ကျနေဟန်ရှိကြောင်း မိသားစုဝင်များက ထွက်ဆိုခဲ့သည်ဟု ရဲများက ဆိုသည်။

အစီရင်ခံစာများအရ အဆိုပါအမျိုးသမီးသည် အရွယ်ရောက်ပြီး မိကျောင်း အကောင်ရေ ၁၀၀ ခန့်ရှိနေသော ၃ မီတာခန့်နက်သည့် ရေကန်အလယ်သို့ ခုန်ချခဲ့ကြောင်းနှင့် ရေကန်ထဲသို့မခုန်ချမီ ဖိနပ်ချွတ်ခဲ့သေးကြောင်း သိရသည်။

မိကျောင်းခြံကမူ စုစုပေါင်း မိကျောင်းကောင်ရေ ၁၀၀၀၀၀ မွေးမြူထားကြောင်း ၎င်း၏၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

Ref:BBC

စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment