မကွေးတိုင်းအတွင်းမှ တောင်သူ သုံးထောင်ကျော်က စက်တင်ဘာ ၂၅ ရက်တွင် မကွေးမြို့၌ ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ - ဝိုင်းအောင်၊ မဇ္ဈိမ)
၎င်းကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်လိုက်သည်ဟု မြို့နယ်ရဲစခန်းက အတည်ပြုသည်။ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံတို့က ဘရုံ သစ်တောကြိုးဝိုင်းမြေ ပယ်ဖျက်ပေးရေး အင်အားသုံးထောင်ဖြင့် ဆန္ဒပြရန် ခွင့်ပြုချက်တင်ထားသော်လည်း အာဏာပိုင်တို့က စက်တင်ဘာ ၂၈ ရက်ကိုသာ ခွင့်ပြုထားသည်။
ထို့ပြင် ဆန္ဒပြအင်အား ၃၀၀ သာ သုံးရန်၊ မကွေးမြို့အတွင်းမ၀င်ရန် ညွှန်ကြားထားသည်။ သို့သော် ဆန္ဒပြသူတို့က မူလစီစဉ်သည့် အတိုင်းသာ ပြုလုပ်ခဲ့ကြသည်။
“တောင်သူများရဲ့ဆန္ဒအရ ခွင့်ပြုမိန့်ကို မယူတော့ဘဲ ဆန္ဒပြကြတာပါ" ဟု ဦးတင်ထွန်းအောင်က ပြောသည်။
၂၀၀၅ ခုနှစ်အတွင်း ကြိုးဝိုင်း သတ်မှတ်ရာတွင် ပါဝင်သွားသော ယာမြေ ၂၅၀၀၀ ခန့် ပြန်ရရေးနှင့် စိုက်ပျိုးမြေယာအဖြစ် သတ်မှတ်ပေးရေး ဆန္ဒပြခြင်းဖြစ်သည်ဟု တောင်သူတို့က ဆိုသည်။
Written by ဝိုင်းအောင်
Source:mizzimaburmese.com

0 comments:
Post a Comment