ဇာတ်ပို့ နေရာ ရိုက်ကူးမည် မဟုတ်ဟု ဝင့်ယမုံလှိုင် ပွင့်လင်းစွာပြော


ရန်ကုန်၊ စက်တင်ဘာ ၂၆။ MRTV 4 မှ ရိုက်ကူးသည့် The Sing Of Love ဇာတ်လမ်းတွဲနှင့် လူသိများလာသည့် သရုပ်ဆောင် ဝင့်ယမုံလှိုင်က ဇာတ်ပို့ နေရာမှ ရိုက်ကူးရန် ကမ်းလှမ်း လာပါက လက်ခံ ရိုက်ကူးသွားမည် မဟုတ်ဘဲ အဓိက ဇာတ်ဆောင် နေရာမှသာ လက်ခံ ရိုက်ကူး မည်ဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။
"ကမ်းလှမ်းတဲ့ ဇာတ်တွေကို သေသေချာချာ စိစစ် ပါတယ်။ သမီးကို ယုံကြည်တဲ့ ထုတ်လုပ်ရေးတွေ၊ ပရိသတ်တွေ အတွက် ကမ်းလှမ်း လာတဲ့ အလုပ်တွေ အပေါ် အကောင်းဆုံး ကြိုးစားပြီး သရုပ်ဆောင် ပါတယ်။ ဇာတ်ပို့ နေရာကတော့ ဘယ်အချိန် မျိုးမှာပဲ ဖြစ်ဖြစ် လာကမ်းလှမ်း ရင်တော့ လုပ်ဖြစ်မယ် မထင်ပါဘူး။ အဲဒီ နေရာကနေ သရုပ်မဆောင် ဘူးလို့ စိတ်ဆုံး ဖြတ်ထား လို့ပါ။ ကျန်တာ ဘာအကြောင်းမှ မရှိပါဘူး။ ရလာတဲ့ ဇာတ်ရုပ် တိုင်းကိုတော့ အကောင်း ဆုံး ဖြစ်အောင် သရုပ်ဆောင် သွားမှာပါ"ဟု ၎င်းက ပြောသည်။
၎င်း၏ ပထမဆုံး ဗီဒီယို ဇာတ်ကား ဖြစ်သည့် "Good Luck" ဗီဒီယို ဇာတ်ကားသည် သြဂုတ်လ ၂၇ ရက်က ထွက်ရှိခဲ့ထား ခဲ့သည်။ ယင်းအပြင် ၂၀၁၄ ခုနှစ် အတွင်းတွင် စိုင်းစိုင်းခမ်းလှိုင်နှင့် အတူ သရုပ်ဆောင် ရိုက်ကူးထားသည့် " ဧဒင်ရဲ့ နတ်သမီး" ရုပ်ရှင် ဇာတ်ကားကို ရုံတင် ပြသသွားမည်ဟု ဝင့်ယမုံလှိုင် က  ပြောသည်။
အသစ်တစ်ယောက် ဖြစ်သည့် အတွက် မည့်သည့် အလုပ်ကို လုပ်သည်ဖြစ်စေ စိုးရိမ်စိတ် အမြဲတမ်း ရှိနေပြီး စိုင်းစိုင်းခမ်းလှိုင်နှင့် တွဲဖက် သရုပ်ဆောင် ရသည့် အချိန်က စိုင်းစိုင်းခမ်းလှိုင်၏ သရုပ်ဆောင်မှု များကို အမီလိုက်ကာ သရုပ်မဆောင် နိုင်မည်ကို စိုးရိမ် ခြင်းကြောင့် " ဧဒင်ရဲ့နတ်သမီး" ရုပ်ရှင်ကားကို စိတ်နှစ်၍ ကြိုးစား သရုပ်ဆောင် ထားသည်ဟု ပြောသည်။
လက်ရှိတွင် မင်းမော်ကွန်း၊ ရာဇာနေဝင်း၊ သားညီ တို့နှင့်အတူ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးသည့် "မှော်ဝင်မြို့ပြ" ဇာတ်ကားတွင် အဓိက ဇာတ်ဆောင် အနေဖြင့် ပါဝင် သရုပ်ဆောင်လျက် ရှိသည်။ ဝင့်ယမုံလှိုင်သည် MRTV 4 မှ ရိုက်ကူးသည့် The Sing Of Love ဇာတ်လမ်း တွဲတွင် မာယာချို ဇာတ်ကောင်ဖြင့် ပရိသတ် စိတ်ဝင်စားမှု ရရှိခဲ့သူ ဖြစ်သည်။
 မြင့်မြင့်စိုး
Source:mizzimaburmese.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment