သင့်အလုပ်ဟာ အချိန်အများစုကို အပြင်ထွက်ပြီး လုပ်ရမယ့် အလုပ်မျိုးဆိုရင် နေကာမျက်မှန် အမြဲတပ်သွားဖို့တော့ မမေ့သင့်ပါဘူး။ ဒါဟာ အဖြစ်များတဲ့ မျက်စိနာဝေဒနာ ဖြစ်လာရာကနေ ကာကွယ်ပေးနိုင်ပါတယ်။
နေရောင်ခြည်အောက်မှာသာ အလုပ်ချိန်ကုန်ဆုံးစေခြင်း သို့မဟုတ် နေကာမျက်မှန်တပ်တဲ့အလေ့အကျင့်ရှိ၊ မရှိဆိုတဲ့အချက်တွေက တချို့လူတွေ ဘာကြောင့် အရေပြားဆဲလ်သေဆုံးတဲ့ရောဂါ(Exfoliation syndrome XFS) ရလာခြင်းနဲ့ မျက်စိအမြင်အာရုံအားနည်းစေတဲ့ မျက်စိဝေဒနာ အကြောင်းအရင်းတွေနဲ့ ဆက်စပ်မှုရှိနေသလို နေကာမျက်မှန်တပ်ခြင်းအားဖြင့်လည်း အမြင်အာရုံမှုန်ဝါးလာမှုအန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။
တချိန်လုံး အပြင်မှာသာ ထွက်အလုပ်အလုပ်နေရတာလည်း XFS ရောဂါဖြစ်စေနိုင်တာကြောင့် ခရမ်းလွန်ရောင်ကာကွယ်မျက်မှန်ကို ပိုပြီး အလေးထားအသုံးပြု တပ်ဆင်မယ်ဆိုရင် XFS ဝေဒနာခံစားရခြင်းမှ ကာကွယ်ပေးနိုင်တယ်။
ဒီအချက်တွေကိုတော့ အရိပ်အောက်မှာနေထိုင်သူတွေနဲ့ အပြင်ထွက်ပြီး နာရီပေါင်းများစွာ နေရောင်ခြည်အောက်မှာ ရှိနေတတ်တဲ့သူဆီက အတည်တကျမေးခွန်း၊ အဖြေတွေကနေ သုတေသီတွေက တိုင်းတာအဖြေထုတ်ထားတာဖြစ်ပါတယ်။
မျိုးရိုးဗေဒ သို့မဟုတ် သဘာဝပတ်ဝန်းကျင်အခြေအနေအရပ်ရပ်တွေကြောင့်လည်း XFS ရောဂါဖြစ်နိုင်ကြောင်းလည်း သိရှိရပါတယ်။
Source: indianexpress
Victor.PaaTung
Source:trend.com.mm

0 comments:
Post a Comment