အနုပညာကြေးတွေ စု ပြီး မိခင်ဖြစ်သူရဲ့ ဇာတိမြို့မှာ တံတား ဆောက်လုပ် လှူဒါန်းတဲ့ သဉ္ဇာနွယ်ဝင်း

သဉ္ဇာနွယ်ဝင်း က မိခင်ဖြစ်သူရဲ့ ဇာတိ မွေးရပ်မြေ အင်းလေး မြို့ရှိ ငါးဖယ်ချောင်း ကျေးရွာမှာ တံတား ဆောက်လုပ် လှူဒါန်း ထားပြီး စက်တင်ဘာလ ၂၅ ရက်နေ့မှာ မိသားစု နဲ့အတူ ရေစက်သွန်းချ လှူဒါန်း သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ “သဉ္ဇာတို့ မေမေက အင်းလေးမှာ မွေးတာလေ။ အဲဒီတော့ အင်းလေးမှာ ရွာခံ လူတွေ ရှိ တယ်။ သူတို့က အဲဒီမှာ တံတား တစ်စင်း ဆောက်ဖို့ လုပ် ထားတာ ရှိတယ်။ အမေ က တံတား ဆောက်လှူ ချင်တယ်။ အဲဒါနဲ့ ရွာက ဘုန်းကြီးတွေကို လျှောက်တယ်။ ဘုန်းဘုန်း တို့ ကလည်း ခွင့်ပြုတာ နဲ့ သဉ္ဇာတို့ မိသားစုက ဆောက်ပြီး လှူဖြစ်သွားတယ်။ အဲဒီ တံတားက သဉ္ဇာ ဇာတ်ကား ရိုက်တဲ့ အနုပညာ ကြေး တွေ နဲ့ လှူဖြစ်တယ်။ တံတား က လွန်ခဲ့တဲ့ တစ်လကျော်လောက် က ဆောက်နေ တာပါ။ သဉ္ဇာ တို့ စက်တင်ဘာလ ၂၁ ရက်နေ့ မှ အင်းလေးကို သွားမယ်။၂၅ ရက်နေ့မှာ တံတားကို ရေစက်ချ လှူဒါန်းမယ်။ ပြီးရင် ငါးဖယ် ချောင်း ကျေးရွာ ဘုန်းကြီးကျောင်း မှာပဲ သဉ္ဇာတို့ အဘွား လက် ထက်ကတည်းက ကိုးကွယ်တဲ့ ဘုရားကို မိသားစု နဲ့အတူ ပြန်လည် ပြုပြင် မွမ်းမံ ဖို့တွေ ပြုလုပ်မယ်”လို့ ပြောပါတယ်။ အနုပညာကြေးတွေ နဲ့ ဆောက်လုပ် လှူဒါန်း ဖြစ်တာကြောင့် တံတား အမည်ကို မေတ္တာ တံတားလို့ အမည် ပေးထားပြီး တံတား အ ရှည် မှာ၄၂ပေ ရှိကြောင်း သဉ္ဇာနွယ်ဝင်း ကဆိုပါတယ်။ လွင်လွင်ထွန်း Source: popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment