၂၂နှစ်ပြည့် မွေးနေ့မှာ မထွက်ဖြစ်တော့တဲ့ စိုး ပြည့်သဇင်ရဲ့ တစ်ကိုယ်တော်အခွေ

စိုးပြည့်သဇင်က Ocean Super Center မှာ စက်တင်ဘာ ၁၄ ရက်နေ့ကပြုလုပ်တဲ့ Celebrity & Me သရုပ်ဆောင်ပြိုင်ပွဲမှာ ပြိုင်ပွဲ ဝင်တွေနဲ့အတူ သူ့ရဲ့ဇာတ်ကားတွေ ကို ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ အခုလို သရုပ်ဆောင်ဝါသနာပါ တဲ့သူတွေနဲ့တွဲဖက်သရုပ်ဆောင်ဖြစ် ခဲ့ပုံနဲ့ပတ်သက်ပြီး စိုးပြည့်သဇင်က “စိုးပြည့်က သရုပ်ဆောင် အသစ်တွေနဲ့ သရုပ်ဆောင်ပေးရတာပါ။ စိုးပြည့်ရဲ့ ဇာတ်ကားတွေထဲက ဇာတ်ဝင်ခန်းတွေကို သူတို့နဲ့ အတူတူ သရုပ်ဆောင်ရပါတယ်။ တချို့ လူတွေကျတော့လည်း ဝါသနာ ပါပေမယ့် သူတို့ရဲ့ဝါသနာတွေကိုလည်း အရင်တုန်းက ချပြခွင့်မရကြဘူး။ အခု ပြိုင်ပွဲတွေ ပေါ်လာတော့ သူတို့ ဝါသနာပါတဲ့အနုပညာကို လည်း ချပြခွင့် လည်းရတယ်။ လူတိုင်းကလည်း ကြည့်ရတယ်။ အခုလို စင်ပေါ်မှာ သရုပ်ဆောင်တဲ့ အခါကျတော့ ရှက်နေတဲ့၊ ကြောက် နေတဲ့စိတ်တွေအတွက် ပြိုင်ပွဲဝင် တာများလာတဲ့အခါ အတွေ့အကြုံတွေရလာမယ်။ ရဲတင်းလာမယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာပါ မယ်။ အဲဒီအတွက် ဒီပြိုင်ပွဲက အများ ကြီး အကျိုးသက်ရောက်မှုရှိပါ တယ်။ သရုပ်ဆောင်တာ ဝါသနာ ပါတဲ့သူ တွေအတွက်လည်း ကောင်းတယ်။ ကြည့်ရတဲ့ပရိသတ်တွေ အတွက် လည်းစင်ပေါ်မှာတကယ်ပြောပြီး သရုပ်ဆောင်ရတာ ဆိုတော့ တအား စိတ်ဝင်စားမှုရှိကြတယ်” လို့ ပြောပါတယ်။ ဒီပွဲမှာ စိုးပြည့်သဇင်က ပရိသတ်တွေဆီက စက်တင်ဘာ ၂၂ ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့ ၂၂ နှစ်ပြည့်ေ မွးနေ့အကြိုအဖြစ် မွေးနေ့ လက်ဆောင်ရရှိခဲ့ကြောင်း သိရပါ တယ်။ သူ့ရဲ့မွေးနေ့ကို အသိအမှတ် ပြုပေးတဲ့အတွက် ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း စိုးပြည့်သဇင် က ပြောပါတယ်။ ဒုတိယတစ်ကိုယ်တော် အခွေ ‘အချစ်ကို ရှာဖွေတွေ့ရှိခြင်း’ ကိုတော့ ၂၂နှစ်ပြည့်မွေးနေ့မှာထွက်ဖို့ ရည်ရွယ်ထားပေမယ့် သီချင်းပုဒ်ရေ တိုးလာတာေ ကြာင့် ရက်နည်းနည်း နောက်ဆုတ်လိုက်ရကြောင်း ပြောပါ တယ်။ ဒုတိယတစ်ကိုယ်တော်အခွေနဲ့ပတ်သက်ပြီး စိုးပြည့် သဇင်က “အစက ၂၂နှစ်ပြည့်မွေးနေ့မှာ ထွက်ဖို့ စီစဉ်ထားတာ။ ဒါပေ မဲ့ အခုက သီချင်းပုဒ်ရေ ထပ်တိုးလာတော့ ရက် နည်းနည်းနောက်ဆုတ် လိုက်ရတယ်။ ၁ဝလပိုင်း ၂၂ရက်လောက်တော့ မှန်းထားပါတယ်။ အခြေအနေအကြောင်းကြောင်းကြောင့် ဖြစ်သွား တာဆိုတော့ ဘယ်လိုမှ စိတ်ထဲမထားပါဘူး။ ၂၂နှစ်ပြည့်မွေးနေ့ဆို ပြီးတော့ပဲ အမှတ်တရအနေနဲ့ လုပ် ချင်တာဆိုတော့ ပိုပြီးကောင်းဖို့ အတွက်လို့ပဲ စဉ်းစားထားပါတယ်” လို့ ပြောပါတယ်။ စိုးပြည့်သဇင်က စက်တင်ဘာ ၂၂ရက်နေ့မွေးနေ့မှာ ဆရာချစ်စမ်းမောင်တို့ ထောက်ပံ့နေတဲ့ မိဘမဲ့ ဂေဟာမှာ သွားရောက် လှူဒါန်းမှာဖြစ်ပြီးသူ့ရဲ့အဝတ်အစား တွေ ကိုလည်း လှူဒါန်းသွားဖို့ရှိကြောင်း ပြောပါတယ်။ ခိုင်ဝေလွင် Source: popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment