၁။နေ့စဉ် ဘ၀ဖြတ်သန်းမှုလေးတွေပြောပါ
သင့်ရဲ့နေ့စဉ် ဘ၀ကို ပြောရတာ ပျင်းစရာကောင်းတယ်လို့ သင်မထင်ပါနဲ့။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် နေ့စဉ်ဘ၀တွေအကြောင်း ပြောပေးခြင်းဟာ နှစ်ယောက်ကြားက နားလည်မှုတွေကို ပို စေပါတယ်။
၂။ ရုပ်ရှင်တွေနဲ့ သီချင်းအကြောင်းတွေပြောပါ
ချစ်သူချင်း ရုပ်ရှင်နဲ့သီချင်တွေအကြောင်း ပြောရတာဟာ အပျင်းပြေစေပါတယ်။
၃။ဖြေရတာလွယ်ကူတဲ့ မေးခွန်းလေးတွေမေးပါ
ဟုတ်တယ် ၊ မဟုတ်ဘူးပဲ ဖြေစရာလိုတဲ့ မေးခွန်းလေးတွေကို မေးပေးပါ။ ဥပမာ- သူမကြိုက်တဲ့ အ၀တ်အစားတွေ အကြောင်း မေးတာမျိုးလေးတွေ ၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းအပေါ် သူမရဲ့ ထင်မြင်ချက်လေးတွေ အစရှိတာတွေ နဲ့ သူမကို ကောင်းစွာ ဖျော်ဖြေမှုပေးနိုင်ပါစေ။
၎။ခဏခဏပြန်မမေးပါနဲ့
သိပ်အရေးမကြီးတဲ့ ကိစ္စလေးတွေအတွက် သူမကို ထပ်ခါထပ်ခါ ပြန် မေးနေခြင်းဟာ တကယ်ပြောနေတဲ့ အကြောင်းအရာကို မရောက်ပဲ တိုင်ပတ်သွားနိုင်ပါတယ်။
၅။ချစ်တဲ့အကြောင်းတွေသိပ်ပြီးဖွင့်မပြောပြပါနဲ့
သူမကို လိုချင်တက်မက်စိတ်တွေနဲ့သာ ထားခဲ့လိုက်ပါ။ James Bond ဟာ ဘာလို့ ဆွဲဆောင်မှု အရှိဆုံး ယောကျာ်းဖြစ်နေတာလဲဆိုရင် သူ့ရဲ့ ခန့်မှန်းလို့မရတဲ့ ခပ်ပြတ်ပြတ် အမူအရာနဲ့ စကားပြောဆိုပုံတွေကြောင့်ပါ။ ဒါကြောင့် ဆယ်ကျော်သက်လေးတွေလို ချစ်တဲ့အကြောင်းတွေ တဖွဖွမပြောပါနဲ့။
Ref:mensxp.com
Source:trend.com.mm

0 comments:
Post a Comment